တောင်ပံကစားသမားအန်ဂူလိုကို ပေါင် ၁၇.၅ သန်းဖြင့် ဆန်းဒါးလန်း ခေါ်ယူ
====================
ဆန်းဒါးလန်းဟာ အန်ဒါလက်ချ်မှ တောင်ပံကစားသမားနယ်ဆင်အန်ဂူလိုကို ပေါင် ၁၇.၅ သန်းဖြင့် လေးနှစ်ခွဲစာချုပ်ဖြင့် ခေါ်ယူလာပါတယ်။ ဆန်းဒါးလန်းဟာ အန်ဂူလိုကို တစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ပါ စာချုပ်ဖြင့် ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။
အန်ဂူလိုဟာ ၂၀၂၂ ခုနှစ်တွင် အန်ဒါလက်ချ်သို့ ရောက်လာသူ ဖြစ်ပြီး ၂၀၂၅ ခုနှစ် စက်တင်ဘာလကမှ စာချုပ်သက်တမ်းတိုးချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။
သူဟာ ယခုရာသီ ပြိုင်ပွဲအရပ်ရပ်တွင် ပွဲ ၃၀ ကစားထားရာမှာ ဂိုးနှင့် ဖန်တီးမှု ၁၅ ကြိမ်အထိ ပြုလုပ်ပြီးနောက် ဆန်းဒါးလန်းသို့ ပြောင်းလာလည်း ဖြစ်ပါတယ်။
အီကွေဒေါလက်ရွေးစင်ကစားသမားဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလတုန်းက ပထမဆုံးလက်ရွေးစင်ပွဲ ကစားခွင့်ရပြီးနောက် ၁၂ ပွဲကစားကာ ၁ ဂိုးသွင်းထားပါတယ်။