ဝုလ်ဗ်တိုက်စစ်ကစားသမား လာဆင်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပဲလေ့စ် ခေါ်ယူ
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဝုလ်ဗ်အသင်းက နော်ဝေလက်ရွေးစင်တိုက်စစ်ကစားသမား ယော်ဂန်စထရန်းလာဆင်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၄၈ သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။
လာဆင်(၂၅ နှစ်)ဟာ ပဲလေ့စ်အသင်းနဲ့ လေးနှစ်ခွဲသက်တမ်းရှိစာချုပ် ချုပ်ဆိုခဲ့ပြီး ကျောနံပါတ် ၂၂ ဝတ်ဆင်ကစားမှာပါ။
ပဲလေ့စ်အသင်းအနေနဲ့ မူလက အေစီမီလန်အသင်းထံ ပြောင်းရွှေ့တော့မယ့် မာတက်တာနေရာအစားထိုးဖို့ လာဆင်ကို အလျင်အမြန် ခေါ်ယူခဲ့တာဖြစ်တယ်။
ဒါပေမဲ့ မာတက်တာရဲ့ပေါင် သန်း ၃၀ တန် အပြောင်းအရွှေ့ဟာ ဒူးဒဏ်ရာကြောင့် ပျက်ပြယ်ခဲ့ရတာပါ။
ပဲလေ့စ်အသင်းဟာ မကြာသေးခင်ကလည်း စပါးတိုက်စစ်ကစားသမား ဘရန်နန်ဂျွန်ဆင်ကို ကလပ်စံချိန်တင်ကြေး ပေါင် ၃၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး အခု ထပ်မံချိုးဖျက်ခဲ့တာဖြစ်တယ်။
ပဲလေ့စ်အသင်းအနေနဲ့ အပြောင်းအရွှေ့နောက်ဆုံးရက်မှာ အဲဗာတန်တောင်ပံကစားသမား ဒွိုက်မက်နေးလ်ကို အပြီးသတ်ခေါ်ယူခွင့်ပါတဲ့ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ စာရွက်စာတမ်း
ကိစ္စ အချိန်မီမပြီးစီးလို့ ပျက်ပြယ်ခဲ့ရပါတယ်။