1 ပတ် - ဘာသာပြန်ပါ။

ဗြိတိန်ပရိသတ်တွေကို နောက်ပြောင်ခဲ့မှုအပေါ် အင်ဖန်တီနို တောင်းပန်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)ဥက္ကဋ္ဌ အင်ဖန်တီနိုက ဗြိတိန်ပရိသတ်တွေကို နောက်ပြောင်ခဲ့မှုအပေါ်
ပြန်လည်တောင်းပန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လက ဆွစ်ဇာလန်မှာပြုလုပ်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဗြိတိန်
သားတွေ တစ်ဦးမှ အဖမ်းမခံရတာဟာ တကယ်ကောင်းတယ်လို့ ပြောခဲ့တာပါ။
ဘောလုံးပရိသတ်များအဖွဲ့စည်း(FSA)က မိမိတို့ရဲ့ပရိသတ်တွေကို အင်ဖန်တီနိုက အပေါစားဟာသတွေ
ပြုလုပ်ခဲ့တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒါ့အပြင် FSA က အင်ဖန်တီနိုအနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားလက်မှတ်များကို ဈေးပေါအောင်လုပ်ဆောင်ဖို့
သာ လုပ်ဆောင်သင့်တယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။
အင်ဖန်တီနိုက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို FIFA ငြိမ်းချမ်းရေးဆု ပေးအပ်ခဲ့တာကိုလည်း ကာ
ကွယ်ပြောဆိုခဲ့ပါတယ်။
ဒေါ်နယ်ထရမ့်အနေနဲ့ ဒီဆုနဲ့ ထိုက်တန်တယ်လို့ ၎င်းက မှတ်ချက်ပေးခဲ့ပါတယ်။

image