လိဂ်ဖလားဗိုလ်လုပွဲကို ရောက်ရှိခဲ့တာဟာ အသင်းအတွက် အကောင်းဆုံးဗီတာမင်တွေ ဖြည့်သွင်းလိုက်နိုင်သလိုပဲလို့ အာတေတာ ပြောကြား

အာဆင်နယ်အသင်းရဲ့နည်းပြ အာတေတာက လိဂ်ဖလားပြိုင်ပွဲမှာ ချယ်လ်ဆီးအသင်းကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာဟာ အသင်းအတွက် အကောင်းဆုံးဗီတာမင်တွေ ဖြည့်သွင်းလိုက်နိုင်သလိုပဲလို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ လိဂ်ဖလားဆီမီးဖိုင်နယ်ဒုတိယအကျော့မှာ ချယ်လ်ဆီးအသင်းကို (၁-၀)ဂိုးနဲ့ ထပ်မံအနိုင်ရရှိခဲ့တာကြောင့် နှစ်ကျော့ပေါင်း(၄-၂)ဂိုးနဲ့ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
အာတေတာဟာ အာဆင်နယ်အသင်းကို ကိုင်တွယ်ခဲ့တဲ့ (၆)နှစ်ကျော်ကာလအတွင်းမှာ FA ဖလားတစ်ကြိမ်သာ ရယူနိုင်ခဲ့ပြီး ပြိုင်ပွဲစုံမှာ နောက်ဆုံး(၄)ကြိမ်ဆက်တိုက် ဆီမီးဖိုင်နယ်အဆင့်က လှည့်ပြန်ခဲ့ရပါတယ်။
ဒါကြောင့် ဒီတစ်ကြိမ်က အာတေတာအနေနဲ့ ဗိုလ်လုပွဲကို ဒုတိယအကြိမ်ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။
''ကျွန်တော်တို့ တစ်ပွဲပဲ လိုပါတော့တယ်။ ဒါက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲကို ထည့်သွင်းနိုင်ခဲ့တဲ့ အကောင်းဆုံးဗီတာမင်တွေပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က သုံးရက်တစ်ပွဲ ကစားနေရတာကြောင့်ပါ။ ဒါပေမဲ့ ဒီအခိုက်အတန့်ကို ပိုင်ဆိုင်ခဲ့တာ ကျွန်တော်တို့ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့တာကြောင့်ဖြစ်ပြီး မှော်ဆန်တဲ့အခိုက်အတန့်ပါပဲ'' လို့ အာတေတာက ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ လိဂ်ဖလားဗိုလ်လုပွဲမှာ မန်စီးတီး - နယူးကာဆယ်ပွဲက အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဗိုလ်လုပွဲကို မတ်(၂၂)မှာ ယှဉ်ပြိုင်ရမှာပါ။

image