စပါးလင်ဟာ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ဖယ်ရှားပေးတယ်၊ ကိုယ်လက်ရောင်ရမ်းတာကို လျှော့ချပေးတယ်၊ ကျောက်ကပ်ကို အားကောင်းစေပြီး ဆီးရွှင်စေပါတယ်။
လိုအပ်သောပစ္စည်းများ
စပါးလင် - ၃ ပင် (အဆစ်လေးများတုံးပြီး ထုထားပါ)
ကြက်သွန်နီ - ၁ လုံး
ဆွမ်းမွှေးရွက် - ၁၀ ရွက်
ရေ - ၂ လီတာ
ပြုလုပ်ပုံနှင့် သောက်သုံးနည်း
၁။ အထက်ပါပစ္စည်းအားလုံးကို ရေ ၂ လီတာဖြင့် ၁၀ မိနစ်ခန့် ဆူအောင်တည်ပါ။
၂။ ၎င်းဆေးရည်ကို အအေးဖြစ်စေ၊ အပူဖြစ်စေ တစ်နေ့ ၃ ကြိမ် သောက်သုံးနိုင်ပါတယ်။
၃။ တစ်လတိတိ ဆက်တိုက်သောက်သုံးပေးနိုင်ပါတယ်။
မှတ်ချက် - ဆီးခဏခဏသွားတတ်သူများလည်း အထူးသောက်သုံးနိုင်ပါသည်။ ဤဆေးနည်းသည် ကျောက်ကပ်အတွင်းရှိ အညစ်အကြေးများကို သန့်စင်ပေးပြီး ကျောက်ကပ်လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေပါသည်။