စိတ်လိုက်မာန်ပါ မပြောမိပါစေနဲ့
ကြမ်းကျွံရင် နှုတ်လို့ရပေမယ့်
စကားကျွံရင် နှုတ်လို့ မရပါဘူး။
ထွေးပြီးသား တံတွေး
ပြန်မျိုချလို့ မရတော့သလို
ပြောပြီးတဲ့စကား
ပြန်ရုတ်သိမ်းဖို့ ခက်ယဉ်းပါတယ်။
တခါတလေ
မင်းဒေါသထွက်သွားလား.....?
မင်းစိတ်တိုနေတာလား......?
မင်းမကျေနပ်တာ တစ်ခုခုရှိလား.....?
ဒါဆို တစ်ခု မှတ်ထားပေးပါ
ဘယ်တော့မှ စိတ်လိုက်မာန်ပါ
မပြောမိစေနဲ့ မလုပ်မိစေနဲ့။
မင်းပြောလိုက်တာ
လုပ်လိုက်တာကတော့ ခဏလေးပေါ့။
တကယ်ကို ခဏလေးမှ ခဏလေးပါပဲ။
ဒါပေမယ့် မင်းဘက်က ပြောသင့် မပြောသင့်
လုပ်သင့် မလုပ်သင့် အရင်မစဉ်းစားပဲ
စိတ်လိုက်မာန်ပါ ပြောလိုက် လုပ်လိုက်ရင်
ဘယ်လောက်ပဲ ရင်းနှီးဆက်ဆံရေးဖြစ်ပါစေ
ပြတ်တောက်သွားနိုင်တယ်။
ဒါကိုသတိထား ဆင်ခြင်ဖို့ လိုပါလိမ့်မယ်။
နှုတ်ခမ်းဖျားပေါ်က စကားတစ်လုံးဟာ
ဓားသွားထက် ပိုထက်ပါတယ်။
"စကားထဲက ဇာတိပြ" ဆိုတဲ့ စကားပုံရှိပါတယ်။
ကိုယ့်စကားက
ကိုယ့်အဆင့်အတန်းကို ဖော်ပြနေတာပါ။
ကိုယ့်ကိုယ်ကို အဆင့်အတန်းရှိတဲ့
လူတစ်ယောက် ဖြစ်ချင်ရင်တော့
စကားကို ဘယ်တော့မှ
စိတ်လိုက်မာန်ပါ မပြောမိစေနဲ့။
တစ်ခုခုလုပ်တော့မယ်ဆိုရင်လည်း
အရင်စဉ်းစားပါ။
စိတ်လိုက်မာန်ပါ လုပ်လို့
ကောင်းသွားတဲ့ကိစ္စ ဘာတစ်ခုမှ မရှိပါဘူး။
သင် ရလိုက်မှာ တစ်ခုပဲ ရှိတယ်
အဲဒါကတော့ "နောင်တ" ပါပဲ။
နောင်တ မလိုချင်ရင်
စိတ်လိုက်မာန်ပါ လုပ်တာ ပြောတာကို
သတိလေးခါးပြီး ဆင်ခြင်လိုက်ပါ.....။
with respect - credit