6 ရက် - ဘာသာပြန်ပါ။

ကာရစ်လက်ထက်တွင် လုပ်အားနှုန်း ပိုကောင်းလာကြောင်း အိုးထရက်ဖို့ဒ်သူရဲကောင်းဆက်စ်ကိုဖွင့်ဟလာ

ဖူလ်ဟမ်အား အနိုင်ရတဲ့ပွဲတွင် အချိန်ပိုမှာ အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူးဘင်ဂျာမင်ဆက်စ်ကိုက ယူနိုက်တက်မှာ နည်းပြမိုက်ကယ်ကာရစ်လက်အောက်တွင် လုပ်အားနှုန်း ပိုမိုကောင်းမွန်လာကြောင်း ဖွင့်ဟပြောကြားလာပါတယ်။
ယူနိုက်တက်ဟာ တနင်္ဂနွေနေ့ညတုန်းက အိုးထရက်ဖို့ဒ်တွင် ဖူလ်ဟမ်အား ဘင်ဂျာမင်ဆက်စ်ကိုရဲ့ ၉၄ မိနစ်ဂိုးဖြင့် ၃-၂ ဖြင့် အနိုင်ရရှိကာ ကာရစ်လက်ထက် ၃ ပွဲဆက် နိုင်ပွဲ ရရှိခဲ့ပါတယ်။
ယူနိုက်တက်ဟာ ကာရစ်လက်ထက် ပထမဆုံးနှစ်ပွဲတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် ယှဉ်ပြိုင်နေတဲ့ မန်စီးတီးနှင့် အာဆင်နယ်တို့ကို ဆက်တိုက် အနိုင်ရရှိပြီးနောက် ဖူလ်ဟမ်ကို ထပ်မံ အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဖူလ်ဟမ်နှင့်ပွဲတွင် ၉၁ မိနစ်မှာ ဒုတိယချေပဂိုးပေးလိုက်ရမှုကြောင့် နှစ်ဂိုးစီသရေကျပြီလို့ ယူဆခဲ့ရပေမယ့်လည်း ၉၄ မိနစ်မှာ ဆက်စ်ကိုက အဖိုးတန်အနိုင်ဂိုးသွင်းယူနိုင်ခဲ့လို့ အနိုင်ရခဲ့ပါတယ်။
ကာရစ်လက်ထက်တွင် လွတ်လပ်စွာ ကစားခွင့်ရလာမှုက အသင်းကို ပျော်ရွှင်လာစေကြောင်းအား ဆက်စ်ကိုက "အမှန်ပဲ။ သူ အသင်းကို အများကြီး ယူဆောင်လာတယ်။ ကျွန်တော်တို့လည်း ဒီလိုပဲ လုပ်ဆောင်နေတာပါ။ ဘောလုံးမရှိချိန်မှာလည်း အားလုံး အလုပ်ကြိုးစားနေကြတာ မြင်ရတဲ့အပြင် ပွဲပြီးရလဒ်ကလည်း ဒါကို ပြသနေတယ်။ လုပ်အားကတော့ လုံးဝ ကွဲပြားသွားတယ်။ လူတိုင်း နေရာလွတ်ကို ဝင်ဖြည့်ကြတယ်"လို့ ပြောကြားသွားပါတယ်။
ဆက်စ်ကိုဟာ နွေရာသီတွင် ယူနိုက်တက်သို့ ပေါင် ၇၄ သန်းဖြင့် ရောက်လာပြီးနောက် အမိုရမ်ရဲ့ ၃-၄-၂-၁ ကစားကွက်တွင် ရုန်းကန်ခဲ့ရပေမယ့်လည်း အမိုရမ် အလွန် နောက်ဆုံး ၄ ပွဲတွင် ၄ ဂိုးသွင်းယူထားနိုင်ကာ သွင်းဂိုး ၆ ဂိုးရရှိထားပြီ ဖြစ်ပါတယ်။

image