သားသမီးများကို အကာအကွယ်ပေးရန်အတွက် မက္ကဆီကိုကလပ်နှင့် စာချုပ်ဖျက်သိမ်းလိုက်တဲ့ ပရီးမီးယားလိဂ်စတားဟောင်း

ပရီးမီးယားလိဂ်စတားဟောင်းတစ်ဦးဟာ လူမျိုးရေးခွဲခြားဆက်ဆံခြင်းခံရပြီးနောက် သားသမီးများကို အကာအကွယ်ပေးရန်အတွက် ကလပ်နှင့် နှစ်ဦးသဘောတူစာချုပ်ဖျက်သိမ်းလိုက်ပါတယ်။
အယ်လန်စိန့်မက်ဆီမန်ဟာ မက္ကဆီကိုကလပ် ကလပ်အမေရိကနှင့် ငါးလအကြာတွင်ပင် စာချုပ်ဖျက်သိမ်းလာတာလည်း ဖြစ်ပါတယ်။
အသက် ၂၈ နှစ်ရှိ နယူးကာဆယ်စတားဟောင်းက "ပြဿနာက အရေပြားအရောင် မဟုတ်ဘဲ လူတွေရဲ့အတွေးအရောင်ပါ။ လူတွေရဲ့ တိုက်ခိုက်မှုအပေါ် ဘာမှ မခံစားရပါဘူး။ ကျွန်တော် ရင့်ကျက်နေပါပြီ။ တိုက်ခိုက်သူတွေက သိမ်မွေ့နေပါစေ၊ ဖုံးကွယ်နေပါစေ၊ ပေါ်ပေါ်ထင်ထင် ဖြစ်နေပါစေ ပြန်တိုက်ဖို့ သင်ယူပြီးပါပြီ။ ဒါပေမယ့် ကျုပ်ကလေးတွေကို ထိခိုက်တာကိုတော့ လုံးဝ သည်းခံမှာ မဟုတ်ဘူး။ ကျုပ်သားသမီးတွေကို ကာကွယ်ဖို့က ကျုပ်ရဲ့အရေးအကြီးဆုံးအရာပါ။ သူတို့ ချစ်ခင်ခံရဖို့၊ လေးစားခံရဖို့၊ ဘယ်သူနောက်ခံမျိုးရှိပါစေ ဘယ်လို အသားရောင်ပဲ ရှိပါစေ အစွမ်းကုန် တိုက်သွားမယ်။ အမုန်းတရားနဲ့ ခွဲခြားဆက်ဆံမှုတွေက ကျုပ်တို့ လူ့အသိုင်းအဝိုင်းမှာ နေရာ မရှိစေရပါဘူး။ လူတိုင်းလူတိုင်းမှာ ထူးခြားမှုနဲ့ တန်ဖိုးကိုယ်စီရှိတယ်ဆိုတာ လူတိုင်းကို သိစေချင်တယ်။ ဒီတော့ တစ်ယောက်နဲ့ တစ်ယောက် တလေးတစား ဂုဏ်သိက္ခာရှိရှိ ဆက်ဆံရမယ်။ ကျုပ်သားသမီးတွေကို ကောင်းရာမွန်ရာအရပ်မှာဘဲ ကြီးပြင်းစေချင်တယ်။ ဖျက်ဆီးဖို့၊ ပိုင်းခြားဖို့အတွက် ရည်ရွယ်နေတဲ့ အသိုင်းအဝန်းမှာ မရှိစေချင်ပါဘူး"လို့ ဆိုသွားပါတယ်။
အယ်လန်စိန့်မက်ဆီမန်ဟာ နယူးကာဆယ်တွင် လေးနှစ်ကြာ ကစားပြီးနောက် အခြားနာမည်ကြီးစတားများနှင့်အတူ ဆော်ဒီပရိုလိဂ်သို့ ပြောင်းခဲ့ပါတယ်။
ဒါပေမယ့် သူဟာ ဆော်ဒီကလပ် Al Ahli တွင် တစ်နှစ်သာ ကစားပြီးနောက် ဖီနာဘာချီသို့ အငှားဖြင့် ပြောင်းကာ ဥရောပသို့ ပြန်ရောက်လာခဲ့ပါတယ်။
သူဟာ နွေရာသီမှာတော့ ကလပ်အမေရိကသို့ ပြောင်းခဲ့ပေမယ့် ငါးလအကြာမှာတော့ စာချုပ်ဖျက်သိမ်းကာ လမ်းခွဲလာခဲ့ပြီ ဖြစ်ပါတယ်။

image