1 ပတ် - ဘာသာပြန်ပါ။

ခြေထောက်ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်တာကြောင့် မယ်ရီနို ကာလအတန်ကြာအနားယူရဖွယ်ရှိ

အာဆင်နယ်အသင်းရဲ့ စပိန်ကစားသမား မယ်ရီနိုဟာ ခြေထောက်ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမှာဖြစ်တာကြောင့် ကာလအတန်ကြာ အနားယူရဖွယ်ရှိနေကြောင်း သိရပါတယ်။
မယ်ရီနိုဟာ မန်ယူအသင်းကို (၂-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ခြေထောက်ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး စမ်းသပ်စစ်ဆေးမှုတွေအရ ညာဘက်ခြေထောက်က အရိုးတစ်ချောင်း ကျိုးသွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့် အဲဒီဒဏ်ရာကို လာမယ့်ရက်ပိုင်းအတွင်း ခွဲစိတ်ကုသမှု ပြုလုပ်သွားမှာဖြစ်ကြောင်းနဲ့ ရာသီမကုန်ခင် လေ့ကျင့်မှုအပြည့်အဝ ပြန်လုပ်နိုင်ဖို့ ရည်မှန်းထားကြောင်း အာဆင်နယ်အသင်းက အတည်ပြုကြေညာခဲ့ပါတယ်။
မယ်ရီနို(၂၉ နှစ်)ဟာ ၂၀၂၄ နွေရာသီမှာ ဆိုစီဒက်ကနေ အာဆင်နယ်အသင်းကို ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ကွင်းလယ်မှာသာမက တိုက်စစ်မှူးအဖြစ်ပါ ကစားနိုင်သူဖြစ်ပါတယ်။
မာရီနိုဟာ အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ (၇၇)ပွဲကစားကာ (၁၅)ဂိုး သွင်းယူပေးထားပြီး ဒီရာသီမှာ (၃၃)ပွဲကစားပြီး (၆)ဂိုးသွင်းယူပေးထားတာပါ။
အာဆင်နယ်အသင်းက စျေးကွက်မပိတ်ခင် မယ်ရီနိုနေရာ အစားထိုးဖို့ အငှားခေါ်ယူမှု ပြုလုပ်ဖွယ်ရှိကြောင်း ဘောလုံးသုံးသပ်သူတချို့က ထင်ကြေးပေးနေကြပါတယ်။

image