မြန်မာ ယူ- ၁၇ အသင်းရဲ့ တရုတ်နိုင်ငံ လေ့ကျင့်ရေးခြေစမ်းခရီးစဥ် ပျက်ပြယ်
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ဟာ မြန်မာ ယူ-၁၇ လူငယ်အသင်းကို ၂၀၂၆ အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ မတိုင်မီ တရုတ်နိုင်ငံကို စေလွှတ်ပြီး လေ့ကျင့်ရေးခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားခဲ့ပေမဲ့ ပျက်ပြယ်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
မြန်မာ ယူ-၁၇ လူငယ်အသင်းဟာ ၂၀၂၆ ခုနှစ်အတွင်း အဓိက နိုင်ငံတကာပြိုင်ပွဲနှစ်ခု ဝင်ရောက်ယှဉ်ပြိုင်ရန်ရှိနေပြီး ယင်းပြိုင်ပွဲများမှာ ထိုက်သင့်တဲ့အောင်မြင်မှုများရရှိဖို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) က ရည်ရွယ်ထားကြောင်း သိရပါတယ်။
ဒါကြောင့် MFF ဟာ မြန်မာ ယူ-၁၇ လူငယ်အသင်းကို ၂၀၂၆ အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ မတိုင်မီ ဖေဖော်ဝါရီလဆန်းမှာ တရုတ်နိုင်ငံကို စေလွှတ်ပြီး လေ့ကျင့်ရေးခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားဖို့ စီစဉ်ထားခဲ့ပေမဲ့ ယခုအခါအကြောင်းအမျိုးမျိုးကြောင့် ပျက်ပြယ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
MFF ဟာ မြန်မာ ယူ-၁၇ လူငယ်အသင်းကို ၂၀၂၆ အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ မတိုင်မီ တရုတ်နဲ့ ကာတာနိုင်ငံများကို စေလွှတ်ပြီး လေ့ကျင့်ရေးခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားစေရန် စီစဉ်ထားခြင်းဖြစ်ပြီး လာမယ့်မတ်လအတွင်း ကာတာနိုင်ငံကို စေလွှတ်ကာ လေ့ကျင့်ရေးခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားစေမှာဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် MFF ဟာ မြန်မာ ယူ-၁၇ လူငယ်အသင်းကို ၂၀၂၆ အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ မတိုင်မီ မတ်လအတွင်း အိန္ဒိယ ယူ-၁၇ အသင်းနဲ့လည်း ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန်စီစဉ်နေကြောင်း သိရပါတယ်။
မြန်မာ ယူ-၁၇ လူငယ်အသင်းဟာ ၂၀၂၆ ခုနှစ်အတွင်း အဓိက နိုင်ငံတကာပြိုင်ပွဲ နှစ်ခုဖြစ်တဲ့ ၂၀၂၆ အာဆီယံ ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ နဲ့ ၂၀၂၆ အာရှဖလား ယူ-၁၇ ပြိုင်ပွဲတို့ကို ဝင်ရောက်ယှဉ်ပြိုင်သွားရဖို့ ရှိနေပါတယ်။