1 ပတ် - ဘာသာပြန်ပါ။

အယ်လ်ဟီလာအသင်းထံ ရုတ်တရက်ပြောင်းရွှေ့ခဲ့တဲ့ ဘန်ဇီမာ

အယ်လ်အစ်တီဟတ်အသင်းတိုက်စစ်မှူး ဘန်ဇီမာကတော့ အဓိကပြိုင်ဘက်ကလပ် အယ်လ်ဟီလာအသင်းထံ
ရုတ်တရက် ပြောင်းရွှေ့ခဲ့ပါတယ်။

ဘန်ဇီမာ(၃၈ နှစ်)အနေနဲ့ အယ်လ်အစ်တီဟတ်အသင်းမှာ တစ်နှစ် ယူရို သန်း ၁၀၀ နီးပါးရခဲ့ပေမဲ့ စာချုပ်
သစ်ကိစ္စ အဆင်မပြေလို့ အသင်းပြောင်းခဲ့တာပါ။

အယ်လ်အစ်တီဟတ်အသင်းက လစာမပေးဘဲ ပုံရိပ်မူပိုင်ခွင့်သာပေးမယ့် ကမ်းလှမ်းချက်က ဘန်ဇီမာနဲ့
လမ်းခွဲကို ရောက်ရှိစေခဲ့ပါတယ်။

ဘန်ဇီမာဟာ အယ်လ်ဟီလာအသင်းနဲ့ ၁၈ လသက်တမ်းရှိ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်း ဘန်ဇီမာဟာ အခုရာသီ ပြိုင်ပွဲစုံ ၂၁ ပွဲကစားရာမှာ ၁၆ ဂိုး သွင်းယူ
နိုင်ခဲ့ပါတယ်။

အယ်လ်ဟီလာအသင်းက ဆော်ဒီလိဂ်မှာ ၄၇ မှတ်နဲ့ အယ်လ်နာဆာအသင်းကို တစ်မှတ်အသာ ဦးဆောင်
နေပါတယ်။

image