စစ်ရေးအရ အမေရိကန်တိုက်ခိုက်ခဲ့ ပါက ဒေသတွင်းစစ်ပွဲတစ်ပွဲ ပေါ်ထွက်လာနိုင်ကြောင်း အီရန်ခေါင်းဆောင် သတိပေး
အမေရိကန်ပြည်ထောင်စုအနေဖြင့် အီရန်ကို စစ်ရေးအရ တိုက်ခိုက်ခဲ့ပါက ဒေသတွင်း စစ်ပွဲ တစ်ခု ပေါ်ထွက်လာလိမ့်မည်ဖြစ်ကြောင်း အီရန်ခေါင်းဆောင် အယာတိုလာအလီခါမေနီက ဖေဖော်ဝါရီ ၁ ရက်တွင် သတိပေးလိုက်သည်။
နျူကလီးယား သဘောတူညီချက်တစ်ရပ်ရယူခြင်းမရှိပါက အီရန်နိုင်ငံကို အရေးယူမည်ဖြစ် ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရန့် ကအကြိမ်ကြိမ်သတိပေးထားပြီး အရှေ့အလယ်ပိုင်း ဒေသရှိ အမေရိကန်ရေတပ်အင်အားကိုလည်း မြှင့်တင်ထားသည်။
သို့ရာတွင် အီရန်နိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စု၏ စစ်အင်အားကို ကြောက်လန့်နေ လိမ့်မည်မဟုတ်ကြောင်း အီရန်ခေါင်းဆောင်အယာတိုလာခါမေနီက နိုင်ငံပိုင်မီဒီယာများသို့ ထုတ်ဖော်ပြောကြားထားသည်။
အလားတူ အီရန်ကို စစ်ရေးအရ အမေရိကန်ပြည်ထောင်စုက တိုက်ခိုက်ခဲ့ပါက ဒေသတွင်းစစ်ပွဲ တစ်ခု ပေါ်ထွက်လာနိုင်ကြောင်းလည်း အီရန်ခေါင်းဆောင်က သတိပေးထားသည်။
အီရန်ခေါင်းဆောင်များနှင့် အမေရိကန်တာဝန်ရှိသူများအကြား နှုတ်ရေးအားဖြင့် တင်းမာနေ သော်ငြား တွေ့ဆုံဆွေးနွေးပွဲများ ပြန်လည်ကျင်းပရေးအတွက် အသင့်ရှိကြောင်း နှစ်နိုင်ငံစလုံး က သဘောထားပြသထားသည်။
အီရန်နိုင်ငံ၏ ကာကွယ်ရေးစွမ်းပကားကိုချုပ်ကိုင်ကန့်သတ်ရေးအတွက် ရည်ရွယ်ချက်မရှိသည့် ဆွေးနွေးပွဲများ၌ ပါဝင်ရန် အသင့်ရှိကြောင်းအီရန်တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားထား သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်ယခုနှစ် ဇန်နဝါရီလအတွင်း ဖြစ်ပွားခဲ့သည့် အစိုးရ ဆန့်ကျင်ရေးဆန္ဒပြပွဲများကို အီရန်အစိုးရကအကြမ်းဖက်နှိမ်နင်းခဲ့ပြီးနောက် အရှေ့အလယ်ပိုင်း ဒေသ၌ စစ်အင်အားမြှင့်တင်ထားခဲ့သည်။
လက်ရှိအချိန်တွင် အရှေ့ အလယ်ပိုင်းဒေသ၌ အမေရိကန်ရေတပ်မှ လေယာဉ်တင်သင်္ဘော တစ်စင်း၊ ဖျက်သင်္ဘောခြောက်စင်း နှင့် အမြန်တိုက်ရေယာဉ် သုံးစင်း ရောက်ရှိနေကြောင်း သိရသည်။

image