ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၅၈ ဦးကို ကော့ သောင်းသို့ ပြန်ပို့
ထိုင်းနိုင်ငံ ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား ၅၈ ဦးကိုကော့သောင်းဘက်သို့ ဖေဖော်ဝါရီ ၂ရက်က နေရပ်ပြန်ပို့လိုက်ကြောင်းသိရသည်။
ယခု ဇန်နဝါရီလ၌ နှစ်ကြိမ်နေရပ်ပြန်ပို့ခဲ့ရာတွင် မြန်မာနိုင်ငံသား၁၆၈ ဦးကို ပြန်လည်လွှဲပြောင်း ထားပြီးဖြစ်ကာ ဖေဖော်ဝါရီ ၂ ရက်ကထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံ ပြီးနောက်ရနောင်း ထိန်းသိမ်းရေးစခန်းတွင်ထိန်းသိမ်းထားသော မြန်မာနိုင်ငံသားအမျိုးသား ၄၃ ဦး၊အမျိုးသမီး၁၅ဦးစုစုပေါင်၅၈ဦးကိုကော့သောင်းမြို့သို့ထပ်မံလွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် ယခုနေရပ်ပြန်ပို့မှုမှာ ၂၀၂၆ ခုနှစ်အတွင်း သုံးကြိမ်မြောက်ဖြစ်ပြီး မြန်မာနိုင်ငံသား ၂၂၈ဦးကို ပြန်လည်လွှဲပြောင်းခဲ့ပြီးဖြစ်ကာပြီးခဲ့သော ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနိုင်ငံသား ၁၇၅ ဦး နေရပ်ပြန်ပို့ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်အတွင်းရနောင်းမှ ကော့သောင်းသို့နေရပ်ပြန်ပို့ခံရမှု ၁၆ ကြိမ် ရှိခဲ့ပြီးနေရပ်ပြန်ပို့ ခံရသူ ၂၀၇၂ ဦး ရှိခဲ့ကြောင်း သိရသည်။