4 ပတ် - ဘာသာပြန်ပါ။

ရက်ချိန်းယူထားသော နိုင်ငံကူးလက်မှတ်နှင့် ဗီဇာဝန်ဆောင်မှုများကို အခြေအနေခွင့်ပြုချက်အရ ဆက်လက်ဆောင်ရွက်သွားမည်ဟု အမေရိကန်သံရုံး အသိပေး

အမေရိကန်ပြည်ထောင်စုနှင့် ပြည်ပရှိအမေရိကန်သံရုံးများ၊ ကောင်စစ်ဝန်ရုံးများတွင် ရက်ချိန်းယူထားသော နိုင်ငံကူးလက်မှတ် (passport) နှင့် ဗီဇာ (visa) ဝန်ဆောင်မှုများကို အခြေအနေခွင့်ပြုချက်အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့တွင် အမေရိကန်သံရုံး - ရန်ကုန်က ထုတ်ပြန်အသိပေးထားသည်။
ထို့ပြင် အမေရိကန်သံရုံး၏ အသိပေးချက်၌ ဘဏ္ဍာငွေလျာထားမှု အတည်ပြုချက်မရသေးသည့် ကြားကာလ (lapse in appropriations) တွင် ပုံမှန်လုပ်ငန်းဆောင်တာများအပြည့်အဝ မဆောင်ရွက်နိုင်သေးသည့်အတွက်ကြောင့် ဘေးအန္တရာယ်နှင့် လုံခြုံရေးဆိုင်ရာ အရေးပေါ်သတင်းအချက်အလ က်များမှအပ သံရုံး၏ Facebook အကောင့်တွင် အကြောင်းအရာအသစ်များ ထပ်မံတင်မည် မဟုတ်ဟုအသိပေးထား သည်။
လက်ရှိတွင် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး၏ ယာယီတာဝန်ခံအဖြစ် ဒေါက်ဂလပ်စ် အီးဆောန်နစ် ကတာဝန်ယူလျက်ရှိပြီး ဇန်နဝါရီလယ်ပိုင်းမှ စတင်၍ တာဝန်ထမ်းဆောင်လျက်ရှိကြောင်း သိရသည်။

image