4 ပတ် - ဘာသာပြန်ပါ။

အိန္ဒိယနိုင်ငံသံအမတ်ကြီး တာချီလိတ်ရှိ မြန်မာ-ထိုင်း-လာအိုနယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာ

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H. E. Mr. Shri Abhary Thakur သည် ဖေဖော်ဝါရီ ၁ ရက်က ရှမ်း ပြည်နယ်၊ တာချီလိတ်မြို့သို့လာရောက်၍ မြန်မာ- ထိုင်း-လာအိုနယ်စပ်ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုကိုလေ့လာခဲ့ကြောင်း သိရသည်။
အိန္ဒိယသံအမတ်ကြီးသည် တာချီလိတ်မြို့၊ တာလော့ဈေးနှင့် ရွှေနန်းတော်ကုန်တိုက်၊ မြန်မာ-ထိုင်းအမှတ်(၁) ချစ်ကြည်ရေးတံတားတွင် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် ကူးသန်းသွားလာမှုများ၊ မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားတွင် နှစ်နိုင်ငံကုန်စည်စီးဆင်းမှုများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ထို့ပြင် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စုရှိ မိုင်းဖုန်းဆရာတော်ကြီး၏ သာသနာ့နယ်မြေမှ ဗုဒ္ဓဂါယာဘုရားအားဖူးမြှော်ကြည်ညိုပြီး မဲခေါင်အပြည်ပြည်ဆိုင်ရာမြစ်တွင်းဆိပ်ကမ်း(ဝမ်ပုံ)ကိုလည်းကြည့်ရှုလေ့လာကာ တာချီလိတ်ကုန်သွယ်ရေးစခန်း(မယ်ယန်း)တွင် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ နယ်စပ်ကုန်သွယ်ရေးကိစ္စများကိုဆွေးနွေးခဲ့ကြောင်း သိရသည်။

image