6 d - Translate

🌿📚ဒုက္ခဆိုတာ "အမြဲတမ်း နေသွားမယ့်၊ ဧည့်သည်" မဟုတ်ဘူး။

⏱️ လက်ရှိကြုံနေရတဲ့ ပြဿနာကြီးက၊ မင်းအသက်ရှူလို့ မဝလောက်အောင် မွန်းကျပ်နေတယ်မလား။

⏱️ "ငါ့ဘဝတော့ သွားပါပြီ၊ ဆုံးပါပြီ" လို့ တွေးနေတယ်မလား။

⏱️ အတွေ့အကြုံအရ ပြောရရင် ၊မင်း အခုခံစားနေရတဲ့ ဒုက္ခဆိုတာ "အမြဲတမ်း နေသွားမယ့် ဧည့်သည်" မဟုတ်ဘူး။

⏱️ ခဏနေရင် ပြန်ထွက်သွားမယ့် "ဖြတ်သန်းသွားလာသူ" သက်သက်ပဲ။

⏱️ လောကသဘာဝဆိုတာ..၊ အချိန်ဆိုတဲ့ သမားတော်ကြီးက အရာအားလုံးကို ကုစားသွားတာပဲ။

⏱️ ဒီသဘောတရားကို သေချာနားလည်စေချင်တယ်။ မင်းတို့က ပြဿနာတစ်ခုတက်ရင်၊ အဲ့ဒီပြဿနာကို ဓာတ်ပုံရိုက်ပြီး "Freeze (ရပ်တန့်)" လုပ်ထားသလို မြင်ကြတယ်။

⏱️ "ဟာ... ဒီအတိုင်းကြီးပဲ ဆက်သွားတော့မှာပါလား" ဆိုပြီး ပူပင်ကြတယ်။

⏱️ တကယ်တမ်းကျတော့ ဘဝဆိုတာ "ရုပ်ရှင် (Movie)" တစ်ကား လိုပဲ။

⏱️ ဇာတ်ကွက်တွေက အမြဲပြောင်းနေတာ။အခုပြနေတဲ့ ဇာတ်ကွက်က ဝမ်းနည်းစရာ ကောင်းနေပေမယ့်၊နောက်ထပ် ၁၀ မိနစ်နေရင် ဇာတ်လမ်းက ပြောင်း သွားဦးမှာ။ ရုပ်ရှင်မပြီးသေးခင် ထပြီး အော်ငိုမနေနဲ့ ဦး။

⏱️ မိုးက အမြဲတမ်း ရွာမနေသလို၊ နေကလည်း အမြဲတမ်း ပူမနေဘူး။

⏱️ မင်းရဲ့ အဆင်မပြေမှုတွေ၊ ငွေကြေးကျပ်တည်းမှုတွေ၊ အသည်းကွဲမှုတွေဆိုတာ မိုးတိမ်တွေလိုပဲ။ လေတိုက်ရင် လွင့်ပါသွားလိမ့်မယ်။

⏱️ အဲ့ဒါတွေကို ဆုပ်ကိုင်ထားပြီး "ငါ့မှာမှ ဖြစ်ရလေ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် နှိပ်စက်မနေနဲ့။

⏱️ Stress တွေ၊ စိတ်ဖိစီးမှုတွေဆိုတာ အဲ့ဒီ "မမြဲတဲ့ အရာ" ကို "မြဲမယ်" လို့ ထင် နေတဲ့ အမှားကနေ စတာပဲ။

⏱️ ဒါပေမဲ့ တစ်ခုတော့ သတိပေးရမယ်... အဆိုးတွေက ယာယီဖြစ်သလို၊"အကောင်းတွေ" ကလည်း ယာယီပဲဆိုတာ မမေ့နဲ့။

⏱️ အခု မင်းအဆင်ပြေနေလား။ မော်မကြွားနဲ့။ မောက်မာမနေနဲ့။ ဒါလည်း ခဏနေရင် ပြောင်းလဲသွားနိုင်တယ်။

⏱️ အခု မင်းအဆင်မပြေဘူးလား။ အား မငယ်နဲ့။ ဒီညပြီးရင် မနက်ခင်းဆိုတာ ရောက်လာစမြဲပဲ။

⏱️ ဒါကြောင့် ... ဘဝကို အရမ်းကြီး တင်းမထားနဲ့။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရင်၊ လက်ညောင်းတာပဲ အဖတ်တင်မယ်။ ဖြည်းဖြည်းချင်း လျှော့လိုက်။စီးဆင်းမှုအတိုင်း လိုက်ပါစီးမျောလိုက်။

⏱️ ပျော်စရာ ကြုံရင် အပြည့်အဝ ပျော်လိုက်။ ဝမ်းနည်းစရာကြုံရင် "ဒါလည်း ပြီးသွားမှာပါ" လို့ နှလုံးသွင်းလိုက်။

⏱️ ဒီကမ္ဘာကြီးမှာ ဘာမှ အတည်ယူလို့ မရဘူး။ မင်းရဲ့ ခန္ဓာကိုယ်တောင် မင်းပိုင်တာ မဟုတ်ဘူး။ ဒါကြောင့် ခဏလေးနေရမယ့် ဘဝမှာ စိတ်ညစ်မခံနဲ့။

⏱️ "Everything is Temporary" ကို မန္တန်လိုရွတ်ထား။ ပြီးရင် ပြုံးလိုက်တော့။ မင်းရဲ့ အလှည့်ရောက်လာလိမ့်မယ်။ #crd_to_owner_with_respect