စိတ်ထဲမှာ နာကျင်နေတဲ့အရာကို
မျက်နှာမှာ လာမပေါ်အောင်
ထိန်းထားဖို...
တည်ဆောက်ထားတဲ့အရာတွေ
ပြိုလဲသွားခဲ့ရင်တောင်
ခြေလှမ်းတွေ ချော်မသွားဖို . . .
ကိုယ့်အပေါ် မကောင်းမှန်းသိတဲ့
ဆက်ဆံရေးတွေကို
အပြုံးမပျက်ခေါ်နေပြောနေနိုင်ဖို . . .
ဘဝကြီးက ပြိုလဲခဲ့ဖူးတယ် ဆိုရင်တောင်
အဆင်ပြေနေတဲ့ ပုံစံမျိုးနဲ့ နေတတ်ဖို . . .
တခုခု ဖြစ်ခဲ့ဖူးတယ် ဆိုရင်တောင်
ဘာမှမဖြစ်ခဲ့သလို နေတတ်ဖိုဆိုတာ
ကိုယ့်မှာ အများကြီး ဖြတ်သန်းခဲ့ရတာ . . . ။
တကယ်တော့ ဘယ်လောက်
ရင့်ကျက်လာသလဲ ဆိုတာက
ပျော်ရွှင်ခြင်း နာကျင်ခြင်းတွေကို
လူမြင်အောင် ထုတ်ခံစားမပြဘဲ
မင်းရင်ထဲမှာ ဘယ်လိုထားတတ်လာသလဲ
ဆိုတာနဲ့ပဲဆိုင်တယ်... ။
ပျော့ကွက်ကို ချနင်းမယ့်သူရှေ့မှာ
အားနည်းချက်ကို ထုတ်မပြရဘူး ... ။
ပြီးတော့ဒဏ်ရာအသစ်တွေ
ထပ်ပေးမယ့်သူတွေကို
ဒဏ်ရာအဟောင်းတွေအကြောင်း
ဘယ်တော့မှပြောမပြရဘူး သိလား ... ။
တကယ်တော့စိတ်သက်သာရာ
သက်သာကြောင်းဆိုတာ
ငါတို ကိုယ်တိုင်ဆီမှာက လွဲရင်
တခြား ဘယ်သူ့ဆီမှာမှ
တကယ်မရှိဘူး ... ။