ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် တစ်ညလျှင် ဒေါ်လာ ၂၀၀ ကျသင့်တဲ့ ဟိုတယ်တွင် တည်းခိုကာ နှစ် ၆၀ အိပ်မက်ဖြည့်ဆည်းရေး ကြိုးပမ်းလာမယ့် အင်္ဂလန်
=====================
အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ကန်ဆက်စ်စီးတီးရှိ ဟိုတယ်တစ်ခုတွင် တည်းခိုစခန်းချကာ ကမ္ဘာ့ဖလားဆွတ်ခူးရေး ကြိုးပမ်းလာပါမယ်။
အင်္ဂလန်ဟာ နှစ်ပေါင်း ၆၀ ကြာ ဝေးကွာလာခဲ့တဲ့ အိပ်မက်အား အကောင်အထည်ဖော်ရေး နွေရာသီတွင် မြောက်အမေရိကသို့ သွားရောက် ကြိုးပမ်းလာပါမယ်။
အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် တစ်ညလျှင် ဒေါ်လာ ၂၀၀ ကျသင့်တဲ့ မီဒိုးဘန့်ခ်ရှိ The Inn တွင် စတည်းချလာပါမယ်။
အင်္ဂလန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအတွင်းတွင် ခရိုအေးရှား၊ ဂါနာ၊ ပနားမားတို့နှင့် ရင်ဆိုင်ရမှာ ဖြစ်ပါမယ်။
အင်္ဂလန်ဟာ ယင်းပွဲများကို တက္ကဆက်၊ မာဆာချူးဆက်စ်၊ နယူးဂျာစီတို့တွင် ကစားရပါမယ်။
ဒါပေမယ့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ စီနီယာကစားသမားများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် လူသူရှုပ်ထွေးတဲ့ မြို့လည်ခေါင်နေရာကို ရှောင်ကွင်းကာ ကန်ဆက်စ်မြို့ပြင်တွင် စခန်းချရန် ဆုံးဖြတ်ခဲ့ပါတယ်။
လက်ရှိချန်ပီယံ အာဂျင်တီးနားနှင့် နယ်သာလန်တို့မှာလည်း မစ်ဆူရီတွင်ပင် အခြေချလာပါမယ်။
မီယာဘန့်ခ်ရှိ The Inn ဟိုတယ်တွင် အခန်း ၅၄ ခန်း ပါဝင်ပြီး ၂၄ နာရီ အားကစားခန်းမ၊ ရေကူးကန်အပြင် ရေပူကန်လည်း ပါဝင်ပါတယ်။
အသင်းခေါင်းဆောင်ဟယ်ရီကိန်းနှင့် အင်္ဂလန်ကစားဖော်မျာဟာ ဇိမ်ခံဟိုတယ်ကြီးတွင် တည်းခိုနေစဉ်အတွင်း တောတောင်သို့ ခြေကျင်သွားခြင်း၊ စက်ဘီးဖြင့် သွားခြင်းတို့လည်း ပြုလုပ်ကာ သဘောဝနှင့် ထိတွေ့နိုင်ပါမယ်။
တူချယ်ကတော့ The Inn ရဲ့အကောင်းဆုံးအခန်းဖြစ်တဲ့ Grand Suite တွင် တည်းခိုလာဖို့ ရှိပါတယ်။ Grand Suite တွင် လူ ၈ ဦးအထိ တည်းခိုနိုင်ပြီး မီးဖိုခန်းအပြင် ကန်ရေပြင်အား အပေါ်စီးမှ မြင်နိုင်မယ့် ဧည့်ခန်းလည်း ပါဝင်ပါတယ်။
ယင်းဟိုတယ်တွင် ဝိုင်သိုလှောင်ခန်းနှင့် စားသောက်ဆိုင်တို့လည်း ပါဝင်ပေမယ့် အင်္ဂလန်အသင်းကတော့ ကိုယ်ပိုင်စားဖိုမှူးများ ခေါ်ဆောင်လာဖို့ ရှိပါတယ်။
ဒါပေမယ့် ဒီဟိုတယ်တွင် ဂေါက်ကွင်းမပါဝင်မှုကတော့ ဂေါက်ရိုက်ဝါသနာပါတဲ့ အသင်းခေါင်းဆောင်ဟယ်ရီကိန်းအတွက် စိတ်ပျက်စရာ ဖြစ်လာမှာပါ။

image