6 ရက် - ဘာသာပြန်ပါ။

မန်စီးတီးလက်ထောက်နည်းပြရာထူးအား ရယူရန် ကလော့ပ်က တိုက်တွန်းခဲ့ခြင်း ဖြစ်ကြောင်း လင်ဒါဖွင့်ဟလာ
===================
ပက်လင်ဒါက လီဗာပူးနည်းပြဟောင်းဂျာဂင်ကလော့ပ်ရဲ့ တိုက်တွန်းမှုဖြင့် ပက်ဂွါဒီယိုလာရဲ့ မန်စီးတီးလက်ထောက်နည်းပြရာထူးကို ရယူခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။
အသက် ၄၃ နှစ်ရှိ လင်ဒါဟာ နွေရာသီတုန်းက ဂျူအန်မာလီလို နုတ်ထွက်သွားပြီးနောက် ဂွါဒီယိုလာရဲ့ ညာလက်ရုံးရာထူးကို ရယူလာတာလည်း ဖြစ်ပါတယ်။
လင်ဒါဟာ အန်ဖီးလ်တွင် ကလော့ပ်လက်အောက်မှာ ၆ နှစ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ရက်ဘူးလ်ဆဲလ်ဘတ်တွင်လည်း ကာလတို နည်းပြချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။
မန်စီးတီးက ၂၀၁-၁၉ နှင့် ၂၀၂၁-၂၂ ရာသီတို့တွင် လီဗာပူးအား တစ်မှတ်အသာဖြင့် ချန်ပီယံဖြစ်ခဲ့ကာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု ရှိပေမယ့်လည်း ကလော့ပ်ဟာ လင်ဒါအား ဂွါဒီယိုလာရဲ့ လက်အောက်တွင် တာဝန်ထမ်းဆောင်ရန် တိုက်တွန်းမှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
လင်ဒါက "ဂျင်ဂင်နဲ့ စကားပြောတော့ သူက 'မင်းသာ မလုပ်ရင် ငါ လက်ထောက်နည်းပြသွားလုပ်လိုက်မယ်'လို့ ရှင်းရှင်းလင်းလင်းပဲ ပြောတယ်။ လီဗာပူးက ဆယ်နှစ်တာကို ထားရစ်ခဲ့လို့ မရပါဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ ဆယ်နှစ်တိုင်တိုင် အရမ်းအောင်မြင်မှုရလာတဲ့ ဒီကလပ်ရဲ့ ဆွဲဆောင်မှုကို မငြင်းနိုင်ပါဘူး။ နည်းပြတစ်ဦးရဲ့ ဘောလုံးကို အဓိပ္ပါယ်ဖွင့်ဆိုမှုအပေါ် မငြင်းနိုင်ပါဘူး"လို့ ပြောကြားသွားပါတယ်။
လင်ဒါဟာ ၂၀၁၄ ခုနှစ်တွင် လီဗာပူးသို့ ဘရန်ဒန်ရော်ဂျာလက်အောက်တွင် ကစားသမားဖွံ့ဖြိုးတိုးတက်ရေးနည်းပြအဖြစ် ရောက်လာတာ ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် နယ်သာလန်ကလပ် နီမီဂျန်အား ကိုင်တွယ်ရန် ထွက်ခွာသွားခဲ့ပါတယ်။
ဒါပေမယ့် သူဟာ ရာသီအကုန်တွင် ထုတ်ပယ်ခြင်းခံရပြီးနောက် ၂၀၁၉ ခုနှစ်တွင် ကလော့ပ်ရဲ့ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ရန် အန်ဖီးလ်သို့ တကျော့ပြန် ရောက်လာခဲ့ပါတယ်။
သူဟာ လီဗာပူးမှ ထွက်ခွာပြီးနောက် ရက်ဘူးလ်ဆဲလ်ဘတ်အား ကိုင်တွယ်ခဲ့ပေမယ့်လည်း ၂၉ ပွဲတည်းသာ ကိုင်တွယ်ခဲ့ရကာ ထုတ်ပယ်ခြင်းခံရပြီးနောက် ဂွါဒီယိုလာရဲ့ လက်ထောက်အဖြစ် တာဝန်ထမ်းဆောင်ရန် အီတီဟတ်သို့ ရောက်လာခဲ့ပါတယ်။
ဆက်လက်ပြီး လင်ဒါက "ပက်က အရမ်းတော်တယ်။ သူက ဘောလုံးအပေါ် ချစ်မြတ်နိုးတယ်။ ပွဲအပေါ် နားလည်မှုက အခြားဂြိုလ်က လူတစ်ယောက်လိုပဲ။ ပက်ရဲ့ ဖုန်းခေါ်ဆိုမှု ရတုန်းက အရမ်းစိတ်လှုပ်ရှားခဲ့ရတယ်။ ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရတာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
မန်စီးတီးဟာ ယနေ့ညတွင် စပါးစ်ကို အဝေးကွင်းတွင် ရင်ဆိုင်ကစားရပါမယ်။

image