6 ရက် - ဘာသာပြန်ပါ။

ဥရောပထိပ်သီးလိဂ်ကြီး ၅ ခုတွင် ဒုတိယဂိုးအများဆုံးသွင်းထားတဲ့ ဆယ်ကျော်သက် ကစားသမားအဖြစ် ရပ်တည်နေတဲ့ ဘုန်းမောက်ရဲ့ ဘက်ပေးလက်သစ်ခရူပီ
==================
ဘုန်းမောက်ဆယ်ကျော်သက်ကစားသမားအီလီဂျူနီယာခရူပီဟာ စနေနေ့ညတုန်းက ဝုဗ်အား ၂-၀ ဂိုးဖြင့် အနိုင်ရတဲ့ပွဲစဉ်တွင် ဦးဆောင်ဂိုး သွင်းယူခဲ့ပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၈ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဆယ်ကျော်သက်ကစားသမားဟာ ဝုဗ်နှင့်ပွဲစဉ်တွင် ပွဲချိန် ၃၃ မိနစ်မှာ အေမိုင်းအက်တလီရဲ့ မပေးလိုက်မှုကနေ ဧရိယာအစပ်မှ တချက်ထိန်းပြီး လှပစွာ ကန်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။
ဒီဂိုးကြောင့် ခရူပီဟာ ယခုရာသီ ပရီးမီးယားလိဂ်သွင်းဂိုး ၈ ဂိုးအထိ ရှိလာခဲ့ပြီး ဥရောပထိပ်တန်းလိဂ်ကြီး ၅ ခုတွင် လာမိန်းယာမဲလ်ပြီးလျှင် ဒုတိယဂိုးအများဆုံး သွင်းယူထားသူအဖြစ် ရပ်တည်နေပါတယ်။
ပြင်သစ်ပါရမီရှင်ဟာ ၁၉၉၈-၉၉ ရာသီတုန်းက အာဆင်နယ်အတွက် ၁၃ ဂိုးသွင်းခဲ့တဲ့ နီကိုလပ်စ်အနဲလ်ကာရဲ့ ပရီးမီးယားလိဂ်တစ်ရာသီတဉ်းတွင် ဂိုးအများဆုံးသွင်းယူတဲ့ ဆယ်ကျော်သက်ကစားသမားစံချိန်ကို လိုက်မီနိုင်မယ့် အခွင့်အရေး ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။
ဒါ့အပြင် လာမယ့် ဇွန်လတွင်မှ အသက် ၂၀ နှစ်ပြည့်မယ့် ခရူပီဟာ နောက်ထပ် ၂ ဂိုးသွင်းနိုင်ပါက ပရီးမီးယားလိဂ်သမိုင်းတွင် ၁၀ ဂိုးသွင်းနိုင်တဲ့ ၁၀ ဦးမြောက် ဆယ်ကျော်သက်ကစားသမားအဖြစ်လည်း သမိုင်းမှတ်တိုင် စိုက်ထူလာနိုင်ပါမယ်။
ဘုန်းမောက်ဟာ မန်စီးတီးထံသို့ အန်တိုနီဆီမန်ယိုအား ရောင်းချလိုက်ရချိန်တွင် ခရူပီ အကောင်းဆုံးပုံစံဖြင့် ခြေစွမ်းပြလာမှုနှင့်အတူ စိတ်သက်သာရာ ရစရာ ဖြစ်နေပါတယ်။
တဖက်တွင် ခရူပီဟာ ပရီးမီးယားလိဂ်ပွဲ ၁၀ ပွဲတည်းသာ ပွဲထွက်ကစားခွင့်ရပြီး ၈ ဂိုးသွင်းထားနိုင်မှုနှင့်အတူ တချိန်တွင် ထွန်းတောက်လာမယ့် ကြယ်ပွင့်အဖြစ် ပြသနေတာလည်း ဖြစ်ပါတယ်။

image