6 ရက် - ဘာသာပြန်ပါ။

ယူနိုက်တက်တွင် နေရာပျောက်နေပေမယ့် ရာသီအကုန်အထိ ဆက်ရှိနေလိုတဲ့ ဇတ်ဇီး
=====================
ဂျိုရှာဇတ်ဇီးဟာ ရာသီအကုန်တွင် ယူနိုက်တက်တွင်ပင် ဆက်လက်ကစားသွားလိုနေကြောင်း သိရပါတယ်။
ယူနိုက်တက်တိုက်စစ်မှူးဟာ ယခုဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်တွင် ရိုးမားရဲ့ ခေါ်ယူရန် စိတ်ဝင်စားခြင်းခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ဒါပေမယ့် အသက် ၂၄ နှစ်ရှိ နယ်သာလန်တိုက်စစ်မှူးဟာ တနင်္လာနေ့ အပြောင်းအရွှေ့ဈေးကွက်ပိတ်ရက်အလွန် ရာသီအကုန်အထိ အိုးထရက်ဖို့ဒ်တွင် ဆက်ကစားသွားလိုနေပါတယ်။
တဖက်တွင် ယူနိုက်တက်ဘက်က ဆောင်းရာသီ အပြောင်းအရွှေ့တွင် မည်သည့်စီနီယာအသင်းကစားသမားမှ ထွက်ခွာခွင့်ပေးလာမှာ မဟုတ်ကြောင်း ဆိုထားသလို ဇတ်ဇီးရဲ့ အေးဂျင့်များကလည်း ကစားသမားကို ရာသီတစ်ဝက်ကာလတွင် အသင်းမပြောင်းစေလိုကြပါဘူး။
ဇတ်ဇီးဟာ ဒဏ်ရာကြောင့် ကာရစ်လက်ထက် ယူနိုက်တက်ရဲ့ နိုင်ပွဲ ၂ ပွဲကို လွဲချော်ခဲ့ပေမယ့် လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီ ဖြစ်ပြီး တနင်္ဂနွေနေ့ ဖူလ်ဟမ်နှင့်ပွဲအတွက် ယူနိုက်တက်လူစာရင်းမှာ ပါဝင်လာပါမယ်။
ယူနိုက်တက်ဟာ လွန်ခဲ့တဲ့ ၁၈ လတုန်းက ဇတ်ဇီးကို ဘိုလော့ဂ်နာမှ ပေါင် ၃၆.၅ သန်းဖြင့် ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ပြီးခဲ့တဲ့နှစ်တုန်းက ပရီးမီးယားလိဂ်ဂိုး ၂ ဂိုးတည်းသာ သွင်းထားနိုင်ခဲ့ပါတယ်။
သူဟာ ယခုရာသီတွင် ပရီးမီးယားလိဂ်ပွဲ ၄ ပွဲ ပွဲထွက်ခွင့်ရထားပြီး ပဲလေ့စ်နိုင်ပွဲ၊ ဝုဗ်နှင့် သရေကျတဲ့ပွဲတို့တွင် ဂိုးသွင်းနိုင်ခဲ့ပါတယ်။
ဇတ်ဇီးဟာ ယခင်နည်းပြအမိုရမ်လက်ထက်တုန်းက ဆက်စ်ကိုရဲ့ အရန်အဖြစ်သာ ကစားခဲ့ရသလို လက်ရှိ ယာယီနည်းပြကာရစ်ကလည်း အမ်ဘူမိုအား အထောင်တိုက်စစ်တွင် အသုံးပြုနေတာကြောင့် နေရာရရှိရေး ဆက်လက် ရုန်းကန်လာရဖို့ ရှိနေပါတယ်။
ယူနိုက်တက်ဟာ နွေရာသီမှာတော့ ဇတ်ဇီးကို ရောင်းချလာဖို့ သေချာသလောက် ရှိနေပါတယ်။

image