ဇီဝလုံခြုံရေးသည် အထူးအလေးထားဆောင်ရွက်ရမည့်ကဏ္ဍတစ်ခုဖြစ်
ယခုခေတ် ဇီဝကပ်ဘေးအန္တရာယ်များကြောင့် လူသားမျိုးနွယ်ရေရှည်တည်တံ့စွာရှင်သန်နေထိုင်နိုင်ရေးအ တွက် ဇီဝလုံခြုံရေးသည် အထူးအလေးထားဆောင် ရွက်ရမည့်ကဏ္ဍတစ်ခုဖြစ်သည်ဟု ဇီဝလက်နက်တား ဆီးပိတ်ပင်ရေးစာချုပ် အမျိုးသားအဆင့်အကောင်အ ထည်ဖော်ဆောင်ရေးအဖွဲ့ဥက္ကဋ္ဌ၊ သိပ္ပံနှင့် နည်းပညာဝန် ကြီးဌာန ဒု-ဝန်ကြီးဒေါက်တာအောင်ဇေယျက ပြော သည်။
ဇန်နဝါရီ ၂၉ ရက်နံနက်ပိုင်းက အာရှ-ပစိဖိတ်ဒေသအ ပါအဝင် ကမ္ဘာတစ်ဝန်း၌ ဇီဝလုံခြုံရေးဆိုင်ရာနယ်ပယ်များတွင်ဖြစ်ပေါ်လျက်ရှိသည့် ခြိမ်းခြောက်မှုများအား သုတေသနပြုဆန်းစစ်အကဲဖြတ်မှုများ ပူးပေါင်းဖ လှယ်နိုင်ရန်ရည်ရွယ်ကျင်းပသည့် မြန်မာ-ရုရှား နှစ်နိုင်ငံကြား တတိယအကြိမ်မြောက် ဇီဝလုံခြုံရေးဆိုင် ရာ ညှိနှိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
တိရစ္ဆာန်နှင့် အပင်များ၊ မျိုးရိုးဗီဇပြုပြင်ထားသော ကောက်ပဲသီးနှံများနှင့် ထုတ်ကုန်များမှတစ်ဆင့်ဖြစ်ပေါ်လာနိုင်သော ကူးစက်ကပ်ရောဂါများအပြင် AI အ ခြေပြု ဇီဝနည်းပညာပြုပြင်ဖန်တီးမှုများမှတစ်ဆင့် ဖြစ်ပေါ်လာနိုင်သော ဇီဝဘေးအန္တရာယ်များကင်းရှင်းစေရန် နှစ်နိုင်ငံကြား မဟာဗျူဟာမြောက်ရေရှည်ပူး ပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပွဲသည် အ ရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ထို့နောက် ရုရှားနိုင်ငံနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဇီဝလက်နက်တားဆီးပိတ်ပင်ရေးစာချုပ်ပါ အခန်း (၁၀)ရှိ သိပ္ပံနှင့် နည်းပညာကဏ္ဍပူးပေါင်းဆောင်ရွက်ရေးကိုကိုးကား၍ ဇီဝလုံခြုံရေးဆိုင်ရာနယ်ပယ်များတွင် နှစ်နိုင်ငံစည်းလုံးညီညွတ်စွာပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စများ၊ ဇီဝလုံခြုံရေးဆိုင်ရာထိန်းချုပ်ဆောင် ရွက်မှုအခင်းအကျင်းများမြှင့်တင်ဖော်ဆောင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နိုင်ငံတကာဖိုရမ်များကျင်းပရန်၊ အပြန်အလှန် ဆက်သွယ်ဖလှယ်မှုများတည်ဆောက်နိုင်ရေးမှသည် နှစ်နိုင်ငံလုံးရှိ ပြည်သူတို့၏ ဇီဝလုံခြုံရေးပိုမိုခိုင်မာအားကောင်းမှုမှ ဘုံအကျိုးကျေးဇူးများရရှိနိုင်ရေးတို့အတွက်လည်း ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲမှ မြန်မာ-ရုရှားနှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအ ဓွန့်ရှည်ခိုင်မြဲစေရေးကို ဇီဝလုံခြုံရေးပူးပေါင်းဆောင် ရွက်မှုမှ တစ်တပ်တစ်အားအထောက်အကူပြုနိုင်ရေး၊ နိုင်ငံ့ဇီဝလုံခြုံရေးကဏ္ဍကို ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်ရေးအတွက် ဇီဝနည်းပညာအဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် ကမ္ဘာ့ထိပ်တန်း ဇီဝလုံခြုံရေးနိုင်ငံဖြစ်သော ရု ရှားနိုင်ငံနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့အ တွက် အပြုသဘောဆောင်သောဆွေးနွေးမှုရလဒ်များရရှိခဲ့သည်။