ရွေးကောက်ပွဲများကို အဆင့်(၃)ဆင့်ဖြင့်အောင်မြင်စွာ ကျင်းပပြီးစီးမှုအား မြန်မာသံအမတ်ကြီးက အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာလက်ထောက်ဝန်ကြီးနှင့်တွေ့ဆုံပွဲတွင်ပြောကြား
မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲများကို အဆင့်(၃)ဆင့်ဖြင့် အောင် မြင်စွာကျင်းပပြီးစီးမှုအား အမေရိကန်နိုင်ငံဆိုင်ရာ မြန် မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးမှ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေး ရာလက်ထောက်ဝန်ကြီး H.E. Mr. Michael G. DeSombre နှင့်တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲအား အာဆီယံကော်မတီဝါရှင်တန်၏ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံသံအမတ်ကြီးဦးဆောင် ၍ ဇန်နဝါရီ ၂၉ ရက်က အမေရိကန်နိုင်ငံဆိုင်ရာ ဘရူနိုင်းနိုင်ငံသံရုံး၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
မြန်မာသံရုံးယာယီတာဝန်ခံ/သံအမတ်ကြီးက မြန်မာ နိုင်ငံတွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို အဆင့်(၃)ဆင့်ဖြင့်အောင်မြင်စွာ ကျင်းပပြီးစီးမှု၊ အာဆီယံနှင့်နီးကပ်စွာဆက်လက်ပူး ပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် မြန်မာအစိုးရက အွန်လိုင်းငွေလိမ်ဂိုဏ်းများအား ဖော်ထုတ်နှိမ်နင်းရေး ဆောင်ရွက်နေမှုတို့အား ရှင်းလင်းပြောကြားခဲ့သည်။
တွေ့ဆုံပွဲတွင် အာဆီယံ-အမေရိကန်ဘက်ပေါင်းစုံမ ဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး၏ဖြစ်ပေါ်တိုးတက်မှု၊ ပူးပေါင်းဆောင်ရွက်မှုများ၊ ဖိလစ်ပိုင်နိုင်ငံက အာဆီယံ၏အလှည့်ကျဥက္ကဋ္ဌအဖြစ်တာဝန်ယူစဉ် ဦးစားပေးဆောင်ရွက်မည့်ကဏ္ဍများနှင့် အာဆီယံ-အမေရိကန်ကြား ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် ဉာဏ်ရည်တုနည်းပညာကဏ္ဍနှင့် အာကာသနည်းပညာကဏ္ဍတို့ကို ဆွေးနွေးခဲ့ကြသည်။