ဂမ်ဘီယာ၏ စွတ်စွဲချက်များကိုပယ်ချရန် မြန်မာကိုယ် စားလှယ်အဖွဲ့ခေါင်းဆောင် ICJ ၌လျှောက်လဲတောင်းဆို
လူမျိုးသုဥ်းစေမှုဖြင့် မြန်မာနိုင်ငံအား ဂမ်ဘီယာက အ ပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)တွင် တရားစွဲဆိုထားခြင်းအား ရင်ဆိုင်ဖြေရှင်းနေသည့် မြန်မာကိုယ်စား လှယ်အဖွဲ့ခေါင်းဆောင် ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်မှ ICJ တွင် အထက်ပါအတိုင်း လျှောက်လဲတောင်းဆိုခဲ့ခြင်းဖြစ်သည်။
ဂမ်ဘီယာကတင်သွင်းသည့် လူမျိုးသုဉ်းစေမှုတားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးသဘောတူစာချုပ်ဖောက်ဖျက်ကြောင်းစွပ်စွဲချက်များသည် ဥပဒေကြောင်းအရခိုင်မာမှုမရှိသည့်အပြင် အချက်အလက်ပိုင်းအရလည်း ခိုင် မာမှုမရှိ၍ ယင်း စွတ်စွဲချက်အားလုံးကိုပယ်ချပေးရန် လျှောက်လဲတောင်းဆိုခဲ့သည်။
ထို့ပြင် တရားရုံးမှ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ ၂၃ ရက်တွင်ချမှတ်ခဲ့သော ကြားဖြတ်စီမံဆောင်ရွက်ချက်ကို ဖောက်ဖျက်ကြောင်း ဂမ်ဘီယာကတင်သွင်းသည့် စွပ် စွဲချက်များသည်လည်း ဥပဒေကြောင်းအရ၊ အချက်အ လက်ပိုင်းအရခိုင်မာမှုမရှိ၍ ယင်း စွပ်စွဲချက်ကိုလည်းပယ်ချပေးရန် လျှောက်လဲတောင်းဆိုခဲ့သည်။
ဂမ်ဘီယာကအဆိုပြုသည့် နစ်နာကြေးပေးရန်အပြင် အခြားအဆိုပြုချက်အားလုံးသည် ဥပဒေ ကြောင်းအရ၊ အချက်အလက်ပိုင်းအရခိုင်မာမှုမရှိ၍ ဂမ်ဘီယာ၏ တောင်းဆိုချက်အားလုံးကိုပယ်ချပေးရန် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က လျှောက်လဲတောင်းဆိုခဲ့သည်။