ဖေဖော်ဝါရီလ ရွေးကောက်ပွဲ နာထာဖွန်း က ထိပ်ဆုံးမှရေပန်းစားနေ

ထိုင်းနိုင်ငံ၏ ပရိုဂရက်စ်ဆစ်ဗ် ပြည်သူ့ပါတီခေါင်းဆောင် နာထာဖွန်း ရောင်ပန်ယာဝပ်သည် ဇန်နဝါရီ ၃၀ ရက် သဘောထားစစ်တမ်းများတွင် ဆက်လက်ဦးဆောင်နေပြီး ဖေဖော်ဝါရီလ ၈ ရက် နေ့ရွေးကောက်ပွဲမတိုင်မီ အာဏာဆက်လက်တည်မြဲနိုင်ရန် ကြိုးပမ်းနေသော ဝန်ကြီးချုပ် အနူတင်ချန်ဗီရာကူလ် ရင်ဆိုင်နေရသည့် ပြင်းထန်သောစိန်ခေါ်မှုများကိုစစ်တမ်းများက မီးမောင်းထိုးပြနေသည်။
ဖေဖော်ဝါရီလရွေးကောက်ပွဲသည် မစ္စတာအနူတင်၏ ကွန်ဆာဗေးတစ် ဘွမ်ဂျိုင်ထိုင်းပါတီ၊ အာဏာရပါတီဟောင်း ဖွေထိုင်းနှင့် ပြုပြင်ပြောင်းလဲရေး ပြည်သူ့ပါတီတို့အကြား သုံးပွင့်ဆိုင်ပြိုင်ပွဲတစ်ခုဖြစ် နေပြီဖြစ်သည်။
ဇန်နဝါရီလ ၃၀ ရက် နေ့တွင် ထုတ်ပြန်ခဲ့သော Suan Dusit တက္ကသိုလ်၏ စစ်တမ်းတစ်ခုတွင် မစ္စတာနာထာဖွန်းကို စစ်တမ်းဖြေဆိုသူ ၃၅ ဒဿမ ၁ ရာခိုင်နှုန်းက ထောက်ခံခဲ့ပြီး အနူတင်သည် ၁၆ ဒဿမ ၁ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် ရပ်တည်ခဲ့သည်။ ဖွေထိုင်း၏ ဝန်ကြီးချုပ်လောင်း ယိုရှနန် ဝေါင်ဆာဝပ်က ၂၁ ဒဿမ ၅ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်။
ဇန်နဝါရီလ ၁၆ ရက် နေ့မှ ၂၈ ရက်နေ့အထိ ပြုလုပ်ခဲ့သောစစ်တမ်းတွင် လူပေါင်း ၂၆,၆၂၁ ဦးကို စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်သည်။
People's Party တဖြစ်လဲ Move Forward ပါတီသည် ၂၀၂၃ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း ကွန်ဆာဗေးတစ်အမတ်များက အစိုးရဖွဲ့စည်းခွင့်ကို တားဆီးခဲ့ပြီး နောက်ပိုင်းတွင် တရားရုံးအမိန့်ဖြင့် ပါတီဖျက်သိမ်းခံခဲ့ရသည်။
အယုံအကြည်မရှိအဆို တင်၍မဲခွဲ ဆုံးဖြတ် သည်အထိ ဖြစ်သွားနိုင်ခြင်း နှင့် ၎င်း၏ အက်ကွဲ‌နေသော လူနည်းစုအစိုးရက ပြိုလဲသွားနိုင်သည့် ကစဉ့်ကလျား ဖြစ်နေသော လွှတ်တော်အစည်းအဝေးကာလအတွင်း ဝန်ကြီးချုပ်အဖြစ် ရက်ပေါင်း ၁၀၀ မပြည့်မီ ဒီဇင်ဘာလ ၁၂ ရက် နေ့တွင် မစ္စတာအနူတင်က ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာခဲ့သည်။

image