MWL အမျိုးသမီးလိဂ် ရာသီပိတ် ချန်ပီ ယံလုပွဲ ဧရာဝတီအသင်းနှင့် ISPE အ သင်းတို့ ယနေ့ ယှဉ်ပြိုင်ကစားမည်

Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ရာသီပိတ်နောက်ဆုံးပွဲစဉ်ဖြစ်သည့်ချန်ပီယံလုပွဲတွင် ဧရာဝတီအသင်းနှင့် ISPE အသင်းတို့ ထိပ်တိုက်တွေ့ဆုံ ယှဥ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။
ယနေ့ ဇန်နဝါရီ (၃၁)ရက် ညနေ (၃)နာရီခွဲအချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းအတွင်း ယှဉ်ပြိုင်ကြမည်ဖြစ်ကာ Pyone Play Youtube Channel ကလည်း တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ် ကြောင်းသိရသည်။
ပွဲစဉ်အတွက် ပရိတ်သတ်များ အိမ်အပြန်ခရီးအဆင်ပြေစေရန် ဧရာဝတီအမျိုးသ မီးအသင်းက ကားစီစဉ်ပေးထားကြောင်း သိရသည်။
ဧရာဝတီအမျိုးသမီးအသင်းသည် ယခုနှစ် ချန်ပီယံလုပွဲမတိုင်ခင်အချိန်အထိ ရမှတ် (၃၉)မှတ် ရရှိအောင် စွမ်းဆောင်ထားနိုင်သလို ၊ လက်ရှိချန်ပီယံ ISPE အသင်းသည်လည်း ရမှတ်(၃၆)မှတ်ဖြင့် အဆင့်(၂)နေရာတွင် ဦးဆောင်နေကြသည့် အသင်းများဖြစ် သည်။
ယခုနှစ်ဘောလုံးရာသီ ချန်ပီယံဆု မည် သည့်အသင်း ဆွတ်ခူးမည်ဆိုသည့် အဆုံးအဖြတ်အတွက် ကွင်းအတွင်း လာရောက်အားပေးကြရန် လိဂ်ကော်မတီကလည်း ဖိတ်ခေါ်ထားသည်။
ထို့ပြင် Myanmar Women League 2025-26 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ရာသီပိတ်နောက်ဆုံးပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားအား သုဝဏ္ဏကွင်း၌ တဆက်တည်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

image