ဥတ္တရသီရိမြို့နယ်ကိုဗဟိုပြု၍ အင်အားအနည်းငယ်ရှိငလျင်တစ်ခု ယနေ့ ဇန်နဝါရီ ၃၁ ရက်နံနက်အစောပိုင်းကလှုပ်ခတ်

မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီး နောက်ဆက်တွဲငလျင်အမှတ်စဥ်(၂၇၂)အဖြစ် ယနေ့ ဇန်နဝါရီ ၃၁ ရက်နံနက်အစောပိုင်းက နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ကိုဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။
ဥတ္တရသီရိမြို့နယ်၏ တောင်-အနောက်တောင်ဘက်(၄) မိုင်ခန့်အကွာ အနက်(၈)ကီလိုမီတာကိုဗဟိုပြု၍ အင် အားရစ်(ခ်)တာစကေး(၃ ဒသမ ၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသောငလျင်သည် နံနက် ၅ နာရီ ၁၂ မိနစ် ၅၁ စက္ကန့်ကလှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ယမန်နေ့ ဇန်နဝါရီ ၃၀ ရက်ညနေ ၅ နာရီ ၄၆ မိနစ် ၃၀ စက္ကန့်ကလည်း ပုသိမ်ကြီးမြို့နယ်၏ တောင်ဘက်(၃)မိုင်ခန့်အကွာ အနက်(၉)ကီလိုမီတာကိုဗဟိုပြု ၍ အင်အားရစ်(ခ်)တာစကေး(၃ ဒသမ ၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

image