ချန်ပီယံလိဂ်မောင်းအောင်ကာ ဘဝအပြောင်းအလဲဖြစ်သွားစေမယ့် ငွေကြေး ရရှိသွားတဲ့သူတစ်ဦး ထွက်ပေါ်လာ
======================
ကံအရမ်းကောင်းတဲ့ ပရိသတ်တစ်ဦးဟာ ချန်ပီယံလိဂ် လိဂ်အဆင့် နောက်ဆုံးပွဲစဉ်များအား မောင်းလောင်းရာမှ ဘဝအပြောင်းအလဲ ဖြစ်သွားစေနိုင်တဲ့ ငွေကြေး ရရှိသွားခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ညတုန်းက ချန်ပီယံလိဂ်လိဂ်အဆင့် နောက်ဆုံးပွဲစဉ်များအားလုံး တစ်ပြိုင်တည်း ကစားသွားခဲ့ပါတယ်။
ပရီးမီးယားလိဂ်ကလပ်များဖြစ်ကြတဲ့ အာဆင်နယ်၊ လီဗာပူး၊ စပါးစ်၊ ချဲလ်ဆီး၊ မန်စီးတီးတို့ နိုင်ပွဲကိုယ်စီ ရရှိကာ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တိုက်ရိုက် တက်ရောက်သွားခဲ့ကြပါတယ်။
တဖက်တွင် နယူးကာဆယ်မှာလည်း လက်ရှိချန်ပီယံ ပီအက်စ်ဂျီကို အဝေးကွင်းတွင် တစ်ဂိုးစီသရေကစားပြီး ပလေးအော့ဖ်အဆင့်မှ ထပ်မံ ကြိုးစားနိုင်ခွင့် ရသွားပါတယ်။
ချန်ပီယံလိဂ် လိဂ်အဆင့် နောက်ဆုံးပွဲ ၁၈ ပွဲလုံးကို တပြိုင်တည်း ကစားသွားခဲ့ပြီး တစ်ကမ္ဘာလုံးမှ ပရိသတ်များဟာ ချန်ပီယံလိဂ်မှာ ကံကောင်းခြင်းတွေ ရှာဖွေခဲ့ကြပါတယ်။
ကံအရမ်းကောင်းတဲ့ ပရိသတ်တစ်ဦးကတော့ ၇ ပွဲမောင်းအား ပေါင် ၇၇၅ လောင်းပြီး ပေါင် ၁၅၀၈၂.၆၉ ရရှိသွားပါတယ်။
သူဟာ လီဗာပူး-ကွာရာဘတ်၊ ဘင်ဖီကာ-ရီးရဲလ်မက်ဒရစ်၊ ကလပ်ဘရုဂျက်-မာဆေးနှင့် အက်သလက်တီကို-ဘိုဒို/ဂလမ့်ပွဲစဉ်တို့အား ၃ ဂိုးဂိုးပေါ် ရွေးချယ်ပြီး စပါးစ်က ဖရန့်ဖတ်ကို အနိုင်ရမယ်၊ ဘီလ်ဘာအို-စပို့တင်းပွဲနှင့် နပိုလီ-ချဲလ်ဆီးပွဲတို့တွင် နှစ်သင်းလုံး ဂိုးသွင်းမယ်ဆိုပြီး ရွေးချယ်သွားခဲ့ပါတယ်။
အံ့ဩသင့်စရာကောင်းစွာပဲ သူ့ရွေးချယ်မှုအားလုံး မှန်ကန်သွားပါတယ်။

image