5 ရက် - ဘာသာပြန်ပါ။

အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့တွင် ကစားသမားဝယ်ယူအားဖြည့်လာနိုင်ကြောင်း ကာရစ် ပြောကြားလာ
====================
မိုက်ကယ်ကာရစ်က တနင်္လာနေ့ အပြောင်းအရွှေ့ဈေးကွက် မပိတ်မီ ယူနိုက်တက်မှာ ကစားသမားဝယ်ယူအားဖြည့်လာနိုင်ကြောင်း ပြောကြားလာပါတယ်။
ပြီးခဲ့တဲ့လတုန်းက ယူနိုက်တက်နည်းပြဟောင်းရူဘင်အမိုရမ်က ယခုအပြောင်းအရွှေ့ဈေးကွက်အတွင်းတွင် ကစားသမားခေါ်ယူလာနိုင်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဟာ အသင်းရဲ့ ကာလရှည်ကြာ ပစ်မှတ်တစ်ဦးဖြစ်တဲ့ အန်တိုနီဆီမန်ယိုအား ပေါင် ၆၅ သန်းဖြင့် ခေါ်ယူရန် ငြင်းဆိုခဲ့ပါတယ်။ ယင်းအချက်ကြောင့်ပင် အမိုရမ်နှင့် ယူနိုက်တက်တာဝန်ရှိသူများအကြား အက်ကွဲကြောင်း ပေါ်ကာ ထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။
ယူနိုက်တက်ဟာ ကွင်းလယ်ကို အဓိကအားဖြည့်လာရန် စီစဉ်နေတာ ဖြစ်ပြီး ပစ်မှတ်ထဲတွင် ဆော်ဒီကလပ် Al Hilal တွင် ကစားနေတဲ့ ပေါ်တူဂီကွင်းလယ်ကစားသမားရူဘင်နီဗက်စ်လည်း ပါဝင်ပါတယ်။
ယခုအခါ မိုက်ကယ်ကာရစ်က ဒဏ်ရာကြောင့် ရက်သတ္တပတ်အတန်ကြာ အနားယူရမယ့် ပက်ထရစ်ဒေါ်ဂူးနေရာတွင် အစားထိုးရန် ကစားသမား ခေါ်ယူလာနိုင်ကြောင်း ပြောကြားလာပါတယ်။
ကာရစ်က "မခေါ်ဘူးလို့ ဘယ်တော့မှ မပြောပါဘူး။ အများကြီး ဖြစ်လာနိုင်တယ်။ အခြေအနေတွေ ရုတ်ချည်း ပြောင်းသွားနိုင်တယ်။ တခါတလေ ကျွန်တော်တို့ ထိန်းချုပ်မှုအောက်မှာ ရှိတယ်။ တခါတလေ မရှိဘူး။ ကျွန်တော်ကတော့ စိတ်အေးလက်အေးပါ။ အသင်းလိုက်အနေနဲ့ ဘာလုပ်နိုင်တယ်ဆိုတာ ပြသထားပြီးလည်း ဖြစ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
လွန်ခဲ့တဲ့ ၁၈ လတုန်းက ဘိုလော့ဂ်နာမှ ပေါင် ၃၆.၅ သန်းဖြင့် ရောက်လာတဲ့ ဇတ်ဇီးမှာ ရိုးမားအပါအဝင် အီတလီကလပ်များရဲ့ စိတ်ဝင်စားခြင်းခံနေရပါတယ်။
သူဟာ ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ပြီး ဖူလ်ဟမ်နှင့်ပွဲတွင် ပါဝင်လာပါမယ်။
မိုက်ကယ်ကာရစ်ဟာ ယူနိုက်တက်ယာယီနည်းပြအဖြစ် လက်ကျန် ၁၇ ပွဲအား ကိုင်တွယ်ရန် ခန့်အပ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။
သူဟာ ပထမဆုံးနှစ်ပွဲတွင် မန်စီးတီး၊ အာဆင်နယ်တို့အား အနိုင်ယူထားပြီး ဖြစ်ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဟာ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်နေတဲ့အသင်းများကို အနိုင်ကစားနိုင်စွမ်း ရှိပေမယ့် အသင်းငယ်များနှင့်ပွဲများတွင် အမှတ်ဆုံးရှုံးရတဲ့အသင်းအဖြစ် တင်စားခံနေရတဲ့အသင်း ဖြစ်ပါတယ်။
တဖက်တွင် ဖူလ်ဟမ်မှာလည်း နောက်ဆုံး ၈ ပွဲတွင် ရမှတ် ၁၇ မှတ်အထိ ရယူထားနိုင်ပါတယ်။
ဖူလ်ဟမ်ပွဲနှင့်ပတ်သက်ပြီး ကာရစ်က "မာကို(ဆေးလ်ဗား)က ဖူလ်ဟမ်ကို အသင်းကောင်းတစ်သင်း ဖြစ်အောင် တည်ဆောက်ထားတယ်။ အိမ်ကွင်း ဖြစ်နေလို့ ကျွန်တော်တို့ ရေပန်းစားတာပါ။ တကယ်တော့ ဘာအာမခံချက်မှ မရှိပါဘူး"လို့ ပြောကြားသွားပါတယ်။

image