5 ရက် - ဘာသာပြန်ပါ။

ဖောရက်စ်နှင့်ပွဲတွင် အသင်း ပြောင်းမယ်လို့ သတင်းထွက်နေတဲ့ ပဲလေ့စ်တိုက်စစ်မှူးမာတီတာ ပါဝင်လာမည်မဟုတ်
===================
ခရစ္စတယ်ပဲလေ့စ်နည်းပြအိုလီဗာဂလက်စ်နာက တိုက်စစ်မှူးဂျိန်းစ်ဖီးလစ်ပီမာတီတာမှာ အသင်းပြောင်းမယ်လို့ သတင်းထွက်နေမှုနှင့်အတူ နော်တင်ဟမ်ဖောရက်စ်နှင့်ပွဲတွင် ပါဝင်လာမည်မဟုတ်ကြောင်း အတည်ပြုလာပါတယ်။
အေစီမီလန်က ပြင်သစ်တိုက်စစ်မှူးအား ခေါ်ယူရန် စိတ်ဝင်စားနေပြီး ပဲလေ့စ်ဘက်က ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ အလိုရှိနေပါတယ်။ ဒါ့အပြင် ဖောရက်စ်ဟာ မာတီတာအား ခေါ်ယူရန် ဖောရက်စ်ဘက်က ပေါင် ၃၅ သန်းဖြင့် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီးလည်း ဖြစ်ပါတယ်။
ယခုအခါ ဂလက်စ်နာက မာတီတာမှာ တနင်္ဂနွေနေ့တွင် ဖောရက်စ်အား အဝေးကွင်းသို့ သွားရောက် ရင်ဆိုင်ရမယ့်ပွဲတွင် ပါဝင်လာမှာ မဟုတ်ကြောင်း အတည်ပြုလာပါတယ်။
ဂလက်စ်နာက "အခုက အပြောင်းအရွှေ့နဲ့ ဘာမှ မဆိုင်ပါဘူး။ သူက ပွဲကစားဖို့ သင့်တော်တဲ့အနေအထားမှာ မရှိပါဘူး။ သူ့ကို ကစားစေဖို့ အကြောင်း မရှိပါဘူး။ အသင်းကို ကာကွယ်ရမယ်။ သူ့ကို ကာကွယ်ရပါမယ်။ နော်တင်ဟမ်သို့ သူ လိုက်ပါလာမှာ မဟုတ်ပါဘူး"လို့ ပြောကြားသွားပါတယ်။
အသက် ၂၈ နှစ်ရှိ မာတီတာဟာ ယခုရာသီတွင် ၈ ဂိုးသွင်းကာ ပဲလေ့စ်အတွက် ပွဲအများဆုံးကစားထားသူအဖြစ် ရပ်တည်နေသူ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့် ၁၅ နေရာတွင် ရပ်တည်နေတဲ့ အသင်းခေါင်းဆောင်မာ့ခ်ဂူဟီအား မန်စီးတီးသို့ ပေါင်သန်း ၂၀ ဖြင့် ရောင်းချထားကာ အစားထိုးနိုင်မယ့် ကစားသမား ရှာဖွေနေတုန်း ဖြစ်ပါတယ်။

image