1 ပတ် - ဘာသာပြန်ပါ။

မန်စီးတီးတောင်ပံကစားသမားအော်စတာဘော့ဘ်ကို ပေါင် ၂၇ သန်းဖြင့် ဖူလ်ဟမ် ခေါ်ယူလာ
====================
ဖူလ်ဟမ်ဟာ မန်စီးတီးမှ နော်ဝေတောင်ပံကစားသမားအော်စကာဘော့ဘ်ကို ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းဖြင့် ခေါ်ယူအားဖြည့်လာပါတယ်။
အသက် ၂၂ နှစ်ရှိ ဘော့ဘ်ဟာ မန်စီးတီးနှင့် ငါးနှစ်ခွဲစာချုပ်ချုပ်ဆိုလာတာ ဖြစ်ပြီး ကျောနံပါတ် ၁၄ ကို ဝတ်ဆင်လာပါမယ်။
သူဟာ ဖူလ်ဟမ်သို့ မပြောင်းမီ နော်ဝေကစားဖော် ဖူလ်ဟမ်ကွင်းလယ်ကစားသမားဆန်ဒါဘာဂီရဲ့ အကြံဉာဏ် ရယူပြီးနောက် Craven Cottage သို့ ပြောင်းခဲ့တာလည်း ဖြစ်ပါတယ်။
ဘော့ဘ်က "ဒီကို ရောက်လာခွင့်ရလို့ ဝမ်းသာတယ်။ အားလုံး တွေ့ဆုံခဲ့ရတဲ့ နေ့ကောင်းလေး ဖြစ်ခဲ့တယ်။ အရမ်းစိတ်လှုပ်ရှားရတယ်။ ကျွန်တော့် သူငယ်ချင်းကောင်း ဆန်ဒါနဲ့ စကားပြောခဲ့တယ်။ ပြီးတော့ မန်နေဂျာနဲ့ ပြောတယ်။ သူက ကလပ်ရဲ့ စနစ်ကို ပြောပြတယ်။ ကစားသမားတွေက ဘယ်လို၊ ကလပ်က ဘယ်လို ဆိုတာ ပြောပြပါတယ်။ သူ ပြောတာ အရမ်းကောင်းတော့ ဆုံးဖြတ်ချက်ချရတာ လွယ်ပါတယ်"လို့ ပြောကြားသွားပါတယ်။
ဘော့ဘ်ဟာ မန်စီးတီးအကယ်ဒမီထွက်တစ်ဦး ဖြစ်ပြီး မန်စီးတီးအတွက် ၄၇ ပွဲကစားခဲ့ရာမှာ ၃ ဂိုးသွင်းကာ ၄ ကြိမ် ဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
အတွင်းသတင်းရင်းမြစ်အရ မန်စီးတီးဟာ ဖူလ်ဟမ်ဘက်က ဘော့ဘ်ကို ရောင်းချလာချိန်တွင် ပြောင်းရွှေ့ကြေးရဲ့ ၂၀ ရာခိုင်နှုန်းကို ထပ်မံ ရရှိဦးမယ့်အချက်ကိုလည်း အရောင်းစာချုပ်မှာ ထည့်သွင်းထားပါတယ်။
ဘော့ဘ်ဟာ ဇန်နဝါရီတွင် ဘုန်းမောက်မှ အန်တိုနီဆီမန်ယို ရောက်လာပြီးနောက် ကစားခွင့် အကန့်အသတ်ဖြင့်သာ ရရှိလာနိုင်မှုနှင့်အတူ အသင်းပြောင်းလာတာလည်း ဖြစ်ပါတယ်။

image