4 ရက် - ဘာသာပြန်ပါ။

အမြန်လမ်းရှိနေရာ(၈)ခု၌ လမ်းပြင်ဆင်ထိန်းသိမ်းနေ ၍ ယင်း နေရာများတွင်အရှိန်လျှော့မောင်းနှင်ကြရန်မေတ္တာရပ်ခံ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ နေရာ(၈)ခု၌ လမ်းပြင်ဆင်ထိန်းသိမ်းနေ၍ အမြန်လမ်းအသုံးပြုသူ များအနေဖြင့် ယင်း နေရာများတွင်အရှိန်လျှော့မောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်း/ပြင်အဖွဲ့က မေတ္တာ ရပ်ခံထားကြောင်း သိရသည်။
အမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၃၂/၆ နှင့် ၃၂/၇ အတွင်း လသာကုန်း Under Pass(မန္တလေးမှရန်ကုန် အပြန်လမ်း)၌ ကွန်ကရစ်လမ်းခင်းခြင်း၊ မိုင်တိုင်အ မှတ် ၁၄၅/၀ နှင့် ၁၄၅/၃ အတွင်း ခပေါင်းတံတား(မန္တ လေးမှ ရန်ကုန် အပြန်လမ်း)တွင် အတက်/အဆင်းလမ်း ပြုပြင်ခြင်း၊ မိုင်တိုင်အမှန် ၁၆၅/၁ နှင့် ၁၆၅/၃ အတွင်း ဆွာချောင်းတံတား (မန္တလေးမှ ရန်ကုန် အပြန်လမ်း) တွင် တံတားအသစ်တည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မိုင်တိုင်အမှတ် ၁၈၈/၂ နှင့် ၁၈၈/၃ ကြား(မန္တ လေးမှ ရန်ကုန် အပြန်လမ်း)တွင် ရေပြွန်တူးဖော်ပြုပြင်ခြင်း၊ မိုင်တိုင်အမှတ် ၁၉၀/၁ နှင့် ၁၉၀/၃ အတွင်း(မန္တ လေးမှ ရန်ကုန် အပြန်လမ်း)တွင် မှောက်ခုံချောင်းတံ တား အတက်/အဆင်းလမ်းနှင့် တံတားပြုပြင်ခြင်း၊ မိုင် တိုင်အမှတ် ၃၄၁/၅ နှင့် ၃၄၁/၆အတွင်း (မန္တလေးမှရန်ကုန် အပြန်လမ်း)တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ် ငန်းများကိုလည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့အတူ မိုင်တိုင်အမှတ် ၃၄၅/၇ နှင့် ၃၄၆/၃ အတွင်း (ရန်ကုန်မှမန္တလေး အသွားလမ်း)တွင် သမင်လွှဲရိုးတံတား အတက်/အဆင်းလမ်းပြုပြင်ခြင်းနှင့် မိုင်တိုင်အ မှတ် ၃၄၇/၅ နှင့် ၃၄၇/၆အတွင်း(ရန်ကုန်မှမန္တလေး/ မ န္တလေးမှ ရန်ကုန် အသွားလမ်း/အပြန်လမ်း)၌ ကွန်က ရစ်လမ်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် အမြန်လမ်းမကြီးအားအသုံးပြုသွားလာနေကြသော ယာဉ်မောင်းများအနေဖြင့် ယင်း မိုင်တိုင်များအနီးချဉ်းကပ်ချိန်တွင် သတိပြု၍အရှိန်လျှော့မောင်းနှင်ကြရန် အမြန်လမ်းမကြီးထိန်း/ပြင်အဖွဲ့က မေတ္တာ ရပ်ခံထားကြောင်း သိရသည်။

image