4 ရက် - ဘာသာပြန်ပါ။

ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့် ထိုင်းသံအမတ်ကြီးတို့တွေ့ဆုံ
နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကိုဆွေးနွေး

ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းနှင့် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံ အမတ်ကြီး H.E. Mr Mongkol Visitstump တို့ ဇန်နဝါရီ ၂၈ ရက်က တွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ ချစ်ကြည်ရင်းနှီးမှုနှင့် ဒေသဖွံ့ ဖြိုးရေးတိုးတက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr Mongkol Visitstump နှင့်တာဝန်ရှိသူများက ရန်ကုန်တိုင်းဝန်ကြီး ချုပ်ဦးစိုးသိန်းနှင့် တိုင်းအစိုးရအဖွဲ့ဝင်များအား ရင်း ရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။

image