1 ပတ် - ဘာသာပြန်ပါ။

ကစားသမားဟောင်းဒေါက်ကလပ်လူးဝစ်ဇ်ကို ခေါ်ယူကာ အလယ်တန်းပြဿနာကို အက်စတွန်ဗီလာဖြေရှင်းလာ
====================
အက်စတွန်ဗီလာဟာ ကစားသမားဟောင်းဒေါက်ကလပ်လူးဝစ်ဇ်အား ဂျူဗင်တပ်မှ ရာသီအကုန်အထိ အငှားဖြင့် ခေါ်ယူလာပါတယ်။
ဘရာဇီးကွင်းလယ်ကစားသမားဟာ ၂၀၂၄ ခုနှစ် နွေရာသီတုန်းက ဗီလာမှ ဂျူဗင်တပ်သို့ ပေါင် ၄၂ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့သူ ဖြစ်ပြီး တူရင်တွင် ခြေစွမ်းပြနိုင်ရန် ရုန်းကန်ရပြီးနောက် နွေရာသီတုန်းက နော်တင်ဟမ်ဖောရက်စ်သို့ အငှားဖြင့် ပြောင်းလာခဲ့သူ ဖြစ်ပါတယ်။
သူဟာ နော်တင်ဟမ်ဖောရက်စ်တွင်လည်း ရုန်းကန်ရမှုနှင့်အတူ အူနိုင်းအမ်မရီရဲ့ ဗီလာသို့ ပြန်လည်ပြောင်းရွှေ့လာခဲ့ပါတယ်။
သူဟာ ဂျူဗင်တပ်တွင် ပြိုင်ပွဲအရပ်ရပ် ၂၇ ပွဲကစားခဲ့ရပေမယ့်လည်း ပွဲအများစုကို အရန်အဖြစ် ဝင်ရောက်ကစားခဲ့ရတာပါ။ သူဟာ ဂျူဗင်တပ်ရဲ့ အနာဂတ်အစီအစဉ်တွင် ပါဝင်ခြင်း မရှိမှုကြောင့် နွေရာသီတွင် နော်တင်ဟမ်ဖောရက်စ်သို့ ပြန်ပြောင်းလာခဲ့ပေမယ့် ရှောင်ဒိုက်ချီလက်ထက်တွင်လည်း အရန်အဖြစ်သာ ကစားလာခဲ့ရပါတယ်။
ဗီလာဟာ ကွင်းလယ်ကစားသမားယူရီတီလီမန်းမှာ ဒဏ်ရာကြောင့် နှစ်လကျော်အနားယူရမယ့်အပြင် ဘူဘာကာကာမာရာမှာလည်း ရာသီအကုန်အထိ အနားယူနေရသလို ဂျွန်မက်ဂင်းမှာလည်း ဒဏ်ရာကြောင့် နားနေရမှုကြောင့် ကွင်းလယ်ပြဿနာအား ဖြေရှင်းရန် ဒေါက်ကလပ်လူးဝစ်ဇ်အား ခေါ်ယူလာပါတယ်။
တဖက်တွင် ဗီလာဟာ နွေရာသီတုန်းက အပြီးသတ်ခေါ်ယူမယ့်အချက်ဖြင့် အငှားဖြင့် ခေါ်ယူထားတဲ့ အင်္ဂလန်အလယ်တန်းကစားသမားဟာဗေးအီးလီးယော့ရဲ့အနာဂတ်အား ဖြေရှင်းရပါဦးမယ်။
အသက် ၂၂ နှစ်ရှိ အီးလီးယော့ဟာ အမ်းမရီရဲ့အစီအစဉ်တွင်ထဲမှာ မပါဝင်ကြောင်း အသိပေးခြင်းခံထားရပေမယ့် ယခုရာသီတွင် လီဗာပူး၊ ဗီလာတို့အတွက် ကစားထားရမှုနှင့်အတူ ၂၀၂၅-၂၆ ရာသီတွင် တတိယမြောက်ကလပ်တစ်ခုအတွက် ကစားခွင့်မရှိတော့ပါဘူး။
ဒါကြောင့်လည်း ဟာဗေးအီးလီးယော့အနေဖြင့် မေဂျာလိဂ်သို့ ပြောင်းရွှေ့ကစားကာ ပြဿနာအား ယာယီဖြေရှင်းလာဖို့ ရှိနေပါတယ်။

image