1 ပတ် - ဘာသာပြန်ပါ။

ချဲလ်ဆီးနှင့် တစ်ပတ်လုပ်ခ ပေါင် ၃၂၅၀၀၀ တန်စာချုပ်အား ဖျက်သိမ်းကာ ထွက်ခွာလာခဲ့တဲ့ ရာဟမ်းစတာလင်း
=======================

ရာဟမ်းစတာလင်းဟာ ချဲလ်ဆီးနှင့် နှစ်ဦးသဘာတူစာချုပ်ဖျက်သိမ်းကာ စတမ်းဖို့ဒ်ဘရစ်ချ်မှ ထွက်ခွာလာခဲ့ပါတယ်။
အင်္ဂလန်အတွက် ၈၂ ပွဲကစားခွင့်ရထားတဲ့ စတာလင်းဟာ နွေရာသီတုန်းက အသင်းပြောင်းရန် ငြင်းဆိုခဲ့ပြီးနောက် ယခုရာသီတွင် ပထမအသင်းမှ ဖယ်ရှားခြင်းခံနေရသူလည်း ဖြစ်ပါတယ်။
သူဟာ ၂၀၂၄ ခုနှစ် မေလကတည်းက ချဲလ်ဆီးအတွက် ကစားခွင့်မရလာခဲ့တာ ဖြစ်ပြီး ယခုအခါ ရက်ပေါင်း ၆၁၉ ရက်ရှိပြီလည်း ဖြစ်ပါတယ်။
ယခုအခါမှာတော့ အသက် ၃၁ နှစ်ရှိ စတာလင်းဟာ ချဲလ်ဆီးနှင့် စာချုပ်ဖျက်သိမ်းလာမှုနှင့်အတူ အခြားကလပ်တစ်ခုသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းလာနိုင်တော့မှာလည်း ဖြစ်ပါတယ်။
ရာဟမ်းစတာလင်းဟာ ချဲလ်ဆီးတွင် တစ်ပတ်လုပ်ခ ပေါင် ၃၂၅၀၀၀ ရရှိနေခဲ့သူ ဖြစ်ပြီး ၂၀၂၇ ခုနှစ် နွေရာသီတွင် စာချုပ်သက်တမ်းကုန်ဆုံးပါမယ်။
ချဲလ်ဆီးမှ ထွက်ခွာလာတဲ့ စတာလင်းအား ခေါ်ယူရန် ဖူလ်ဟမ်၊ နာပိုလီ၊ ဝက်စ်ဟမ်းတို့က အပြိုင်စိတ်ဝင်စားနေပါတယ်။
ဒါပေမယ့် ယင်းကလပ်များဟာ လက်ရှိ စတာလင်းရဲ့ လုပ်ခမျိုး တတ်နိုင်တဲ့ ကလပ်များ မဟုတ်ကြပါဘူး။
တဖက်တွင် စတာလင်းအနေဖြင့် ပုံမှန်ကစားခွင့် အာမခံချက်ပေးမယ့် ကလပ်သို့ လုပ်ခလျှော့ပြီး ပြောင်းလာဖို့ ရှိပါတယ်။
စတာလင်းဟာ လက်ရှိ ချဲလ်ဆီးပိုင်ရှင်တို့ရဲ့ ပထမဆုံးခေါ်ယူမှုအဖြစ် ၂၀၂၂ ခုနှစ်တွင် မန်စီးတီးမှ ပေါင် ၄၇.၅ သန်းဖြင့် ပြောင်းလာခဲ့တာပါ။
သူဟာ ချဲလ်ဆီးအတွက် ၈၁ ပွဲကစားခဲ့ပြီး ပြီးခဲ့တဲ့ရာသီတုန်းက အာဆင်နယ်သို့ အငှားဖြင့် သွားကစားခဲ့ရပါတယ်။ သူဟာ အာဆင်နယ်တွင် ပရီးမီးယားလိဂ်ပွဲ ၇ ပွဲတည်းသာ ကစားခွင့်ရခဲ့ကာ ခါရာဘောင်ဖလားပွဲမှ ဂိုးတစ်ဂိုးတည်းသာ သွင်းနိုင်ခဲ့ပါတယ်။

image