1 ပတ် - ဘာသာပြန်ပါ။

ဘင်ဖီကာဂိုးသမားအန်နာတိုလီထရူဘင်ရဲ့ အချိန်ပိုအနိုင်ဂိုးအား တစ်သက်တွင် တစ်ကြိမ်သာ မြင်ခွင့်ရတဲ့ ဂိုးအဖြစ် ပရိသတ်များ ချီးကျူးနေကြ
===================

ဘောလုံးပရိသတ်များဟာ မနေ့ညတုန်းက ရီးရဲလ်မက်ဒရစ်အား ၄-၂ ဖြင့် အနိုင်ရတဲ့ပွဲစဉ်မှ ဘင်ဖီကာဂိုးသမားအန်နာတိုလီထရူဘင်ရဲ့ ၉၈ မိနစ်အချိန်ပို ခေါင်းတိုက်ဂိုးအား တစ်သက်တွင် တစ်ကြိမ်သာ မြင်ခွင့်ရတဲ့ ဂိုးအဖြစ် ချီးကျူးနေကြပါတယ်။
ဘင်ဖီကာဂိုးသမားဟာ ၉ ယောက်တည်းဖြင့် ကစားခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ်နှင့်ပွဲရဲ့ နာကျင်အချိန်ပိုတွင် ဖရီးကစ်မှ တဆင့် ခေါင်းတိုက်ဂိုးသွင်းခဲ့တာလည်း ဖြစ်ပါတယ်။
ထရူဘင် ဂိုးမသွင်းမီ ဘင်ဖီကာတို့ ၃-၂ ဖြင့် အနိုင်ရနေခဲ့ပေမယ့်လည်း နောက်တစ်ဂိုး ရရှိမှသာလျှင် ချန်ပီယံလိဂ် ၁၆ သင်း ရှုံ့းထွက်အဆင့်သို့ တက်ရေး ပလေးအော့ဖ်ထပ်ကစားခွင့်ရမယ့် အခွင့်အရေး ရရှိလာပါမယ်။
ထရူဘင်ဟာ မော်ရင်ဟိုရဲ့ လမ်းညွှန်မှုဖြင့် ရှေ့သို့ တက်လာခဲ့ပြီးနောက် ခေါင်းတိုက်ဂိုးသွင်းကာ ဘင်ဖီကာအား ချန်ပီယံလိဂ်တွင် ဆက်လက် ရှင်သန်စေခဲ့တာလည်း ဖြစ်ပါတယ်။
ဘင်ဖီကာဟာ ထရူဘင်ရဲ့နောက်ကျအနိုင်ဂိုးကြောင့် မာဆေးလ်အား ဂိုးကွာခြားချက်အသာဖြင့် ပလေးအော့ဖ်ကစားခွင့် နောက်ဆုံးအဆင့် ဖြစ်တဲ့ အဆင့် ၂၄ နေရာကို ရယူနိုင်ခဲ့ပါတယ်။
ယင်းအနိုင်ဂိုးအား ပရိသတ်တစ်ဦးက "လစ္စဘွန်းမှာ ကိုယ်တိုင်မြင်ခဲ့ရတယ်။ အုပ်စုပွဲ နောက်ဆုံးထိတွေ့မှု။ ဘင်ဖီကာဂိုးသမားအန်နာတိုလီထရူဘင်က မော်ရင်ဟိုရဲ့အသင်းကို နောက်တစ်ဆင့်သို့ ပို့ဆောင်ပေးခဲ့တယ်။ Estadio da Luz တစ်ခုလုံး တုန်လှုပ်သွားတယ်"လို့ ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း "မော်ရင်ဟိုက နည်းပြဘဝ ၂၅ နှစ်အတွင်း ရူးချင်စရာကောင်းတာတွေ အများကြီးလုပ်ခဲ့ဖူးတယ်။ အခုလည်း ဂိုးသမားတစ်ဦးက နောက်ဆုံးမိနစ်မှာ ဂိုးသွင်းပြီး ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့ တက်အောင် လုပ်ပေးလိုက်ပြန်ပြီ။ ဘဝမှာ တစ်ကြိမ်သာ ကြုံရမယ့်အဖြစ်အပျက်မျိုးပဲ"လို့ ဆိုသွားပါတယ်။
အခြားတစ်ဦးကလည်း "မော်ရင်ဟိုက နည်းပြသက်တမ်း ၂၆ နှစ်ရှိတဲ့ နည်းပြတစ်ဦးပါ။ အခု ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ကို သူတောင် မယုံကြည်နိုင်‌အောင် ဖြစ်နေတယ်"လို့ ဆိုသွားပါတယ်။
ရီးရဲလ်မက်ဒရစ်မှာလည်း ဘင်ဖီကာအား ၄-၂ ဖြင့် ရှုံးနိမ့်မှုနှင့်အတူ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်နိုင်ခဲ့ခြင်း မရှိဘဲ ပလေးအော့ဖ်ကစားရပါဦးမယ်။
ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်သို့ အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်၊ လီဗာပူး၊ စပါးစ်၊ ဘာစီလိုနာ၊ ချဲလ်ဆီး၊ စပို့တင်းလစ္စဘွန်း၊ မန်စီးတီးတို့ တိုက်ရိုက်တက်ရောက်နိုင်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန်၊ ပီအက်စ်ဂျီ၊ နယူးကာဆယ်၊ ဂျူဗင်တပ်၊ အက်သလက်တီကို၊ အတ္တလန္တာ၊ လေဗာကူဆင်၊ အိုလံပီယာကို့စ်၊ ကလပ်ဘရုဂျက်၊ ဂါလာတာစာရေး၊ မိုနာကို၊ ကွာရာဘတ်၊ ဘိုဒို/ဂလမ့်နှင့် ဘင်ဖီကာတို့မှာ ပလေးအော့ဖ်ကစားရပါဦးမယ်။

image