1 ပတ် - ဘာသာပြန်ပါ။

ယူနိုက်တက်နည်းပြရာထူးနှင့် လွဲပြီးနောက် ပရီးမီးယားလိဂ်ကလပ်တွင် အလုပ်သစ် လုပ်လာမယ့် အိုလီဂန်းနားဆိုးလ်ရှား
===================

ယူနိုက်တက်နည်းပြဟောင်းအိုလီဂန်းနားဆိုးလ်ရှားဟာ ယခုအပတ်တွင် အင်္ဂလန်မှာ အလုပ် ပြန်လုပ်လာပါမယ်။
အသက် ၅၂ နှစ်ရှိ ဘီဆစ်တပ်ဟာ ဩဂုတ်လတုန်းက ဘီဆစ်တပ်မှ ထွက်ခွာပြီးနောက် အလုပ်လုပ်လက်မဲ့ ဖြစ်လာခဲ့တာပါ။
သူဟာ ရူဘင်အမိုရမ် ထုတ်ပယ်ခြင်းခံရပြီးနောက် ယူနိုက်တက်နည်းပြရာထူးအတွက် အင်တာဗျူး ပြုလုပ်ခဲ့ပေမယ့်လည်း တပည့်ဟောင်းမိုက်ကယ်ကာရစ်ကို အရေးနိမ့်သွားခဲ့ပါတယ်။
ဒါပေမယ့် ဆိုးလ်ရှားဟာ ကလပ်သစ်ရှာဖွေနေစဉ်အတွင်းတွင် ယူအီးအက်ဖ်အေတွင် အလုပ်လုပ်လာပါမယ်။
နော်ဝေနိုင်ငံသားနည်းပြဟာ ယခုရာသီ ချန်ပီယံလိဂ်ပွဲစဉ်များအား နည်းစနစ်ပိုင်းစောင့်ကြည်သူအဖြစ် အလုပ်လုပ်လာပါမယ်။
သူဟာ ယနေ့ညတွင် အန်ဖီးလ်ကွင်းမှာ လီဗာပူးနှင့် ကွာရာဘတ်နှင့် ကစားမယ့်ပွဲတွင် စတင် တာဝန်ထမ်းဆောင်လာမှာလည်း ဖြစ်ပါတယ်။
လီဗာပူးဟာ ကွာရာဘတ်နှင့်ပွဲတွင် အနိုင်ရရှိပါက ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တိုက်ရိုက်တက်ရောက်လာပါမယ်။
ယူအီးအက်ဖ်အေရဲ့ နည်းစနစ်ပိုင်းစောင့်ကြည့်သူအဖြစ် စပါးစ်နည်းပြဟောင်းအန့်ပိုစတီကိုဂလူ၊ ဂါရတ်ဆောက်ဂိတ်နှင့် ပေါ်တူဂီနည်းပြရောဘတ်တိုမာတီနက်ဇ်တို့လည်း အလုပ်လုပ်နေကြပါတယ်။
ပိုစတီကိုဂလူဟာ ပြီးခဲ့တဲ့အပတ်တုန်က မီလန်တွင် အင်တာမီလန်အား အာဆင်နယ်တို့ ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

image