အချောအလှ အမျိုးသမီးစည်းကြပ်ဒိုင်ကြောင့် လူစိတ်ဝင်စားခြင်းခံနေရတဲ့ အီတလီပဥ္စမတန်းလိဂ်
=====================
ဘောလုံးပရိသတ်များဟာ မျှော်လင့်မထားတဲ့ အကြောင်းပြချက်ဖြင့် အီတလီလိဂ်ငယ်လေးများကို စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။
စတုတ္ထတန်းလိဂ် စီးရီးဒီနှင့် ပဥ္စမတန်းလိဂ် Eccellenza တို့ဟာ ချောမောလှပတဲ့ အမျိုးသမီးစည်းကြပ်ဒိုင် ဂူလီယာနာဗီဂေးလ်ကို အသုံးပြုလာမှုနှင့်အတူ လူစိတ်ဝင်စားမှု မြင့်တက်နေပါတယ်။
အသက် ၂၃ နှစ်ရှိ ဂူလီယာနာဟာ အီတလီအဆင့်နိမ့်လိဂ်များတွင် လက်ထောက်ဒိုင်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
သူမဟာ အင်စတာဂရမ်မှာ အလှအပဓာတ်ပုံများ မကြာခဏ တင်လေ့ရှိနေပြီး ဖော်လိုဝါ ၁၀၂၀၀၀ ကျော်အထိ ပိုင်ဆိုင်နေပါတယ်။
အီတလီနိုင်ငံ စီဆီနာသူဟာ ပြီးခဲ့တဲ သုံးနှစ်တာကာလအတွင်း ပွဲတိုင်းတွင် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပြုလုပ်နိုင်မှုနှင့်အတူ အီတလီဒိုင်အဖွဲ့ချုပ်ရဲ့ အမှတ်ကောင်းရရှိနေသူလည်း ဖြစ်ပါတယ်။
သူမဟာ လိဂ်ငယ်လေးများတွင် စည်းကြပ်ဒိုင်အဖြစ် အလုပ်လုပ်နေသလို ဘိုလော့ဂ်နာတက္ကသိုလ်မှာ နိုင်ငံတကာနှင့် သံတမန်ရေးရာသိပ္ပတို့ တက်ရောက်သင်ကြားနေသူလည်း ဖြစ်ပါတယ်။
သူမဟာ ချောမောလှပလွန်းမှုနှင့်အတူ ဆိုရှယ်မီဒီယာမှာ နာမည်ကြီးကာ Influencer နှင့် မော်ဒယ်တစ်ဦးအဖြစ်လည်း အလုပ်လုပ်ခွင့်ရနေပါတယ်။
သူမဟာ ကွင်းပြင်ပတွင်သာမက ကွင်းတွင်းတွင်လည်း အကောင်းဆုံး စွမ်းဆောင်ထားနိုင်မှုနှင့်အတူ တစ်နေ့တွင် စီးရီးအေတွင် အလုပ်လုပ်ခွင့်ရတဲ့အထိ ဖြစ်လာနိုင်တယ်လို့လည်း ခန့်မှန်းခြင်းခံထားရပါတယ်။

image