ဧရာမကုန်သွယ်ရေးသဘောတူစာချုပ် ချုပ်ဆိုရန် သဘောတူညီမှုရရှိပြီဟု အီးယူနှင့် အိန္ဒိယတို့က ထုတ်ပြန်ကြေညာ

အိန္ဒိယနှင့်ဥရောပသမဂ္ဂတို့က ဇန်နဝါရီ ၂၇ ရက်တွင် “သဘောတူညီချက်အားလုံး၏ မိခင် သဘောတူညီချက်”ကို ကြေညာလိုက်ကြပြီး ဧရာမကုန်သွယ်ရေးသဘောတူညီချက်က ပြည်သူသန်းနှစ်ထောင်ရှိသော စျေးကွက်ကို ဖန်တီးပေးမည်ဟု ဆိုခဲ့ကြသည်။
ယခုကုန်သွယ်ရေးသဘောတူညီချက်ကို ရရှိရန် နှစ်ပေါင်းနှစ်ဆယ်ကြာ ဆွေးနွေးခဲ့ရသည်ဟု ဆိုသည်။
ကုန်သွယ်ရေးသဘောတူညီချက်က ကမ္ဘာ့ထိပ်တန်း စီးပွားရေးအင်အားကြီးနှစ်နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် တရုတ်တို့ထံမှလာမည့် စိန်ခေါ်မှုများကို အကာအကွယ်ပေးရာတွင် အကူအညီပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း အီးယူအကြီးအကဲများနှင့် အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမို ဒီတို့က ပြောကြားခဲ့ကြသည်။
အထက်ပါသဘောတူညီချက်ကြောင့် ဥရောပပို့ကုန် ၉၇ ရာခိုင်နှုန်းနီးပါး၏ကုန်သွယ်ခွန်များကို လျှော့ချပစ်မည် သိို့မဟုတ် ဖယ်ရှားပစ်လိမ့်မည်ဖစ်ရာနှစ်စဉ်အားဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၅ ဘီလျံ(ယူရို လေးဘီလျံ အထိ သက်သာသွားမည်ဟု ၂၇ နိုင်ငံပါသော အီးယူက ပြောကြားခဲ့သည်။
“သဘောတူညီချက်အားလုံးရဲ့မိခင်ဖြစ်ပါတယ်”ဟု မိုဒီက ဇန်နဝါရီ ၂၇ ရက်တွင် နယူးဒေလီ၌ ပြောကြားခဲ့သည်။ အိန္ဒိယမြို့တော် နယူးဒေလီတွင် သူသည် ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာဗွန်ဒါလေယန်၊ ဥရောပကောင်စီဥက္ကဋ္ဌ အန်တိုနီယိုကော်စတာတို့ နှင့် တွေ့ဆုံခဲ့သည်။
“ဒီသဘောတူစာချုပ်က အိန္ဒိယရဲ့ ၁ ဒသမ ၄ ဘီလျံရှိတဲ့ပြည်သူတွေအတွကို ရော အီးယူရဲ့ သန်းပေါင်းများစွာသောပြည်သူတွေအတွက်ပါ များပြားတဲ့အခွင့်အလမ်းတွေကို ယူဆောင်ပေးပါလိမ့်မယ်”ဟု မိုဒီက ပြောကြားခဲ့သည်။

image