နောက်ဆုံးဓားစာခံ၏ရုပ်အလောင်း အစ္စရေးစစ်ဘက် ဂါဇာဒေသမှ ပြန်လည်ရယူ

ဂါဇာကမ်းမြောင်ဒေသ၌ ရှိနေသည့် နောက်ဆုံးဓားစာခံ၏ရုပ်လောင်းအကြွင်းအကျန်များကို ပြန်လည်ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း အစ္စရေးစစ်ဘက်က ဇန်နဝါရီ ၂၆ ရက်တွင်သတင်း ထုတ်ပြန်ထားသည်။
ရန်းဗီလီအမည်ရှိ နောက်ဆုံးဓားစာခံအမျိုးသား၏ ရုပ်အလောင်းကို ပြန်လည်ရယူနိုင်ခဲ့ခြင်းကြောင့်အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ဂါဇာငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပထမအဆင့် အပြီးသတ်ခဲ့ပြီဖြစ်သည်။
ရန်းဗီလီ၏ ရုပ်အလောင်းကိုပြန်လည်ရယူနိုင်ချိန်တွင် ဂါဇာငြိမ်းချမ်းရေးအစီအစဉ် ဒုတိယအဆင့်
လုပ်ငန်းစဉ်အရ ဂါဇာကမ်းမြောင်ဒေသ၏ ရာဖာနယ်စပ်ဂိတ်ကို ပြန်ဖွင့်ပေးမည်ဖြစ်ကြောင်း အစ္စရေးအစိုးရက ပြောကြားထားသည်။
အစ္စရေးနိုင်ငံသား ရဲအရာရှိတစ်ဦးဖြစ်သော ရန်းဗီလီသည်၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် အစ္စရေးနိုင်ငံကို ဟားမားစ်အုပ်စုဝင်ရောက်တိုက်ခိုက်စဉ် သေဆုံးခဲ့ရဖွယ်ရှိပြီး ၎င်း၏ ရုပ်အလောင်းကိုဂါဇာကမ်းမြောင်၌ ဟားမားစ်အုပ်စုက မြှုပ်နှံထားခြင်းဖြစ်သည်။
အစ္စရေးစစ်ဘက်သည် ရန်းဗီလီ၏ ရုပ်အလောင်းကို ပြန်လည်ရရှိရေးအတွက် ဇန်နဝါရီ ၂၆ ရက်တွင်
ဂါဇာကမ်းမြောင်ဒေသ၌ စစ်ဆင်ရေးတစ်ခု ပြုလုပ်ခဲ့ရသည်။ရန်းဗီလီ၏ ရုပ်အလောင်းမြှုပ်နှံထားသည့် နေရာနှင့်ပတ်သက်၍သတင်းအချက်အလက်များ ဖြည့်ဆည်းပေးခြင်းဖြင့် ရှာဖွေရေးလုပ်ငန်း
ကို အကူအညီပေးခဲ့ကြောင်းဟားမားစ်အုပ်စုက သတင်းထုတ်ပြန်ထားသည်။
ဟားမားစ်အုပ်စုသည် ၂၀၂၃ခုနှစ် အောက်တိုဘာလအတွင်းအစ္စရေး တောင်ပိုင်းမြို့များအားဝင်ရောက် တိုက်ခိုက်ခဲ့စဉ် လူပေါင်း၁၂၀၀ သေဆုံးခဲ့ရပြီး ၂၅၁ ဦး ဓားစာခံအဖြစ် ဂါဇာကမ်းမြောင်ဒေသသို့ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည်။

image