အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗားတို့ ဖုန်းခေါ်ဆိုဆွေးနွေး

ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗားသည်ဇန်နဝါရီ ၂၆ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် ဖုန်းခေါ်ဆိုဆွေးနွေးခဲ့ပြီး မကြာမီကာလအတွင်း ဝါရှင်တန်သို့လာရောက်ရန် သဘောတူခဲ့ကြောင်း ဘရာဇီးအစိုးရက သတင်းထုတ်ပြန်ထားသည်။
မိနစ် ၅၀ ကြာမြင့်ခဲ့သော အဆိုပါ ဖုန်းခေါ်ဆိုဆွေးနွေးပွဲအတွင်း သမ္မတဒေါ်နယ်ထရန့်နှင့် သမ္မတ လူလာဒါဆေးလ်ဗားတို့သည် ဗင်နီဇွဲလားနိုင်ငံအခြေအနေ၊ အုပ်စုဖွဲ့ရာဇဝတ်မှုများ နှိမ်နင်းမှုအခြေအနေများအပါအဝင် ကိစ္စအတော်များများဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗားသည်အမေရိကန်ပြည်ထောင်စုက ဗင်နီဇွဲလားနိုင်ငံကို စစ်ရေးအ ရတိုက်ခိုက်၍ သမ္မတမာဒူရိုအား ဖမ်းဆီးခဲ့မှုကို ဝေဖန်ခဲ့သူဖြစ်သည်။
ဗင်နီဇွဲလားနိုင်ငံအား အမေရိကန်ပြည်ထောင်စုက စစ်ရေးအရ တိုက်ခိုက်ခဲ့မှုကို လက်သင့်ခံ၍ မရနိုင်သော စည်းဖောက်မှုအဖြစ် ဘရာဇီးသမ္မတက ဝေဖန်ထားသည်။
ယင်းအပြင် သမ္မတလူလာဒါဆေးလ်ဗားသည် သမ္မတဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေးဘုတ်အဖွဲ့ ဖွဲ့စည်းရေး ကြိုးပမ်းမှုများကိုလည်း အမေရိကန်ပြည်ထောင်စု၏ ကိုယ်ပိုင်ကုလသမဂ္ဂ ဖန်တီး
ရေးကြိုးပမ်းမှုအဖြစ် ဝေဖန်ထားသည်။
ငြိမ်းချမ်းရေးဘုတ်အဖွဲ့၌ ပါဝင်ရေးအတွက်အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ဖိတ်ကြားချက်ကို သမ္မတလူလာဒါဆေးလ်ဗားက လက်ခံထားခြင်းရှိ၊ မရှိကို ဘရာဇီးတာဝန်ရှိသူများက ထုတ်ဖော်
ပြောကြားခြင်းမရှိပေ။
ကမ္ဘာ့ပြဿနာများကို ဖြေရှင်းရန် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ အနေဖြင့် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်းဒေါ်နယ်ထရန့်က ပြောကြားထားသည်။

image