ကလေးများ လူမှုမီဒီယာသုံးစွဲမှု ပိတ်ပင်ရေးဥပဒေကြမ်း ပြင်သစ်လွှတ်တော်အတည်ပြု
အသက် (၁၅) နှစ်အောက် ကလေးများ လူမှုမီဒီယာသုံးစွဲမှု ပိတ်ပင်ရေးဥပဒေကြမ်းကို ပြင်သစ်လွှတ်တော်အမတ်များက ဇန်နဝါရီ ၂၇ ရက်တွင်မဲခွဲအတည်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ ဥပဒေကြမ်းပါ ပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ ပြင်သစ်အောက်လွှတ်တော်က ဇန်နဝါရီ ၂၆ ရက် ညလုံးပေါက် နာရီပေါင်းများစွာ အကြိတ်အနယ်ဆွေးနွေးပြီးနောက် ဇန်နဝါရီ ၂၇ ရက်တွင်ထောက်ခံမဲ ၁၃၀၊ ကန့်ကွက်မဲ ၂၁ မဲဖြင့် ဥပဒေကြမ်းကို အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းဥပဒေကြမ်းသည် ပြင်သစ်အထက်လွှတ်တော်က ထပ်မံအတည်ပြုပြီးပါက ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်မည်ဖြစ်သည်။
လူမှုမီဒီယာသုံးစွဲမှု၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုးကျိုးသက်ရောက်မှုများမှ ကလေးများကို အကာအကွယ် ပေးနိုင်ရေးအတွက် အသက် (၁၅) နှစ်အောက် ကလေးများ လူမှုမီဒီယာသုံးစွဲမှု ပိတ်ပင်ရေးဥပဒေကြမ်း ကို ပြင်သစ်အစိုးရက ရေးဆွဲတင်သွင်းထားခြင်းဖြစ်သည်။
အဆိုပါ ဥပဒေကြမ်းအား အောက်လွှတ်တော်က မဲခွဲအတည်ပြုပေးခဲ့ခြင်းသည် ပြင်သစ်ကလေးများနှင့် ဆယ်ကျော်သက်များအား အကာအကွယ်ပေးရေးအတွက် အဓိကခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က ၎င်း၏လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရေးသားထားသည်။
ပြင်သစ်အစိုးရ၏ ကလေးများ လူမှုမီဒီယာသုံးစွဲမှုပိတ်ပင်ရေး ဥပဒေကြမ်းတွင် အွန်လိုင်းစွယ်စုံ ကျမ်းများနှင့် တခြားပညာရေးဆိုင်ရာ လူမှုမီဒီယာပလက်ဖောင်းများကို ကင်းလွတ်ခွင့်ပေး
ထားသည်။