3 ရက် - ဘာသာပြန်ပါ။

အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲဝင် အောင်ပွဲရ မြန်မာမသန်စွမ်းအားကစားသမားများကို ထိုင်းဘတ် ၃၅ သိန်းကျော် ဆုချ

အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၌ ရွှေ၊ငွေ၊ကြေးဆုတံဆိပ် (၅၉)ခု ဆွတ်ခူးခဲ့သည့် အောင်ပွဲရ မြန်မာမသန်စွမ်းအားကစားသမားများကို ထိုင်းဘတ် ၃၅ သိန်း ၅သောင်း ဆုချီးမြှင့်ခဲ့သည်ဟု သိရသည်။
အောင်ပွဲရ မြန်မာမသန်စွမ်းအားကစားသမားများကို
ကမ္ဘောဇဘဏ် နာယက ဦးအောင်ကိုဝင်းနှင့် ကမ္ဘောဇဘဏ် ဝန်ထမ်းမိသားစုများမှ ရွှေတံဆိပ်ဆုတစ်ခုစီအတွက် ( တစ်ဦးချင်း/ အသင်းလိုက်) ထိုင်းဘတ် ၁ သိန်းစီ၊ ငွေတံဆိပ်ဆု တစ်ခုစီအတွက် ( တစ်ဦးချင်း/ အသင်းလိုက် ) ထိုင်းဘတ် ၅ သောင်းစီ၊ ကြေးတံဆိပ်ဆု တစ်ခုစီအတွက် ( တစ်ဦးချင်း/ အသင်းလိုက်) ထိုင်းဘတ် ၃ သောင်းစီ ဆုချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။
ထိုဆုများကို မြန်မာသံရုံးသံအမတ်ကြီး ဦးဇော်ဇော်စိုးကလည်းကောင်း၊ စစ်သံမှူးကြီးဗိုလ်မှူးချုပ် ဝင်းသူလင်း ကလည်းကောင်း၊ သံမှူးကြီးဦးစိုးသူဟိန်းကလည်းကောင်း၊ ဘန်ကောက်မြို့ ၊ ဒွန်မောင်းလေဆိပ်၌ ချီးမြှင့် ပေးအပ်ခဲ့ခြင်းလည်း ဖြစ်သည်။

image