အမေရိကန်တွင် မုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် ၅၀၀၀ ကျော် ဖျက်သိမ်းရ
-------------------------

အမေရိကန်ပြည်ထောင်စုရဲ့ နေရာအများစုမှာ အေးခဲတဲ့မိုးနဲ့ နှင်းတွေထူထပ်စွာကျဆင်းစေခဲ့တဲ့ အားကောင်းတဲ့ ဆောင်းရာသီမုန်တိုင်းတစ်ခုကြောင့် ဇန်နဝါရီလ ၂၆ ရက်က လေယာဉ်ခရီးစဉ် ထောင်ပေါင်းများစွာ ဖျက်သိမ်းခဲ့ရ တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။
FlightAware ရဲ့ သီးခြားအချက်အလက်တွေအရ အမေရိကန် လေယာဉ်ခရီးစဉ် ၅၂၂၀ လောက် ဖျက်သိမ်းခဲ့ရပြီး ညနေပိုင်းမှာ ၆၅၀၀ ကျော်လောက် နှောင့်နှေးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လေယာဉ်ခရီးစဉ် ၁၁၀၀၀ ဖျက်သိမ်းခဲ့ပြီးနောက် Cirium ရဲ့ အဆိုအရ ဒါဟာ ကိုဗစ်ကပ်ရောဂါဖြစ်ပွားပြီးကတည်းက ဖျက်သိမ်းခဲ့ ရတဲ့ အမြင့်ဆုံး ပမာဏဖြစ်ပါတယ်။
နယူးမက္ကဆီကိုကနေ နယူးအင်္ဂလန်အထိ တစ်ပေအမြင့်ထိ နှင်းတွေကျခဲ့တဲ့ ဆောင်းရာသီမုန်တိုင်းတစ်ခုဟာ အမေရိကန်အရှေ့ပိုင်းရဲ့ နေရာအများစုကို သက်ရောက်မှုရှိစေခဲ့ပြီး အနည်းဆုံး လူ ၁၈ ယောက် သေဆုံးခဲ့ပါတယ်။ ဘော်စတွန်လိုဂန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာလည်း ဇန်နဝါရီလ ၂၆ ရက်က လေယာဉ်ခရီးစဉ် ဖျက်သိမ်းမှု ဟာ အမြင့်ဆုံးထိရောက်ရှိခဲ့ပြီး ၇၁ ရာခိုင်နှုန်းရှိခဲ့တယ်လို့ Cirium က ပြောကြားခဲ့ပါတယ်။

image