၇၇ ကြိမ်မြောက် အိန္ဒိယသမ္မတနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
-----------------------
၇၇ ကြိမ်မြောက် အိန္ဒိယသမ္မတနိုင်ငံ အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ရှိ Lottery Hotel မှာကျင်းပပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားမှာ သံအမတ်ကြီး Mr. Abhay Thakur က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနယ်စပ်ရေးရာဝန်ကြီးဌာနနှင့်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က အမှာစကား ပြောကြားခဲ့ပါတယ်။ အဲဒီနောက် အိန္ဒိယသံအမတ်ကြီးနဲ့ဇနီး၊ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ဇနီးတို့ကအမျိုးသားနေ့အထိမ်းအမှတ်ကိတ်မုန့် ခွဲပေးခဲ့ကြပါတယ်။
အခမ်းအနားကို နယ်စပ်ရေးရာဝန်ကြီးဌာနနှင့်တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ဇနီး၊ ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းနဲ့ဇနီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေနဲ့ဇနီးတွေ၊ မြန်မာနိင်ငဲဆိုင်ရာသံအမတ်ကြီးတွေနဲ့ဇနီးတွေ၊ဖိတ်ကြားထားတဲ့ ဧည်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။
အိန္ဒိယအမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားကို
တက်ရောက်လာကြသူတွေနဲ့ တာဝန်ရှိသူတွေကအမှတ်တရဓါတ်ပုံတွေ ရိုက်ကူးခဲ့ကြပါတယ်။
ဒါ့အပြင် အိန္ဒိယအမျိုးသားနေ့အထိမ်းအမှတ်အဖြစ်
နိုင်ငံတော်အလံတင် အခမ်းအနားကိုလည်း အဲဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့ရှိ အိန္ဒိယဂေဟာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအခမ်းအနားမှာသံအမတ်ကြီး Mr. Abhay Thakur က အိန္ဒိယနိုင်ငံတော်အလံကို လွှင့်ထူပေးခဲ့ပြီး အိန္ဒိယနိုင်ငံ သမ္မတကြီးရဲ့မိန့်ခွန်းကို ဖတ်ကြားကာခဲ့ပါတယ်။
အဲဒီနောက် နိုင်ငံတော်အလံကို လွှင့်ထူပြီး နိုင်ငံတော် သီချင်းကို သီဆိုခဲ့ကြပါတယ်။
အခမ်းအနားမှာ ဆွာမိဝိဝေကာနန္ဒ ယဉ်ကျေးမှုဌာန (SVCC) မှ အနုပညာရှင်တွေ၊ ကျောင်းသား ကျောင်းသူတွေ၊ အိန္ဒိယလူမှုအဖွဲ့အစည်းတွေနဲ့ပြည်တွင်းက ကျောင်းသား ကျောင်းသူတွေက မျိုးချစ်
တေးသီချင်းတွေ၊ အိန္ဒိယဂန္ထဝင်အကတွေနဲ့ ယောဂသရုပ်ပြမှုတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြတယ်လို့
သိရပါတယ်။