ဒုတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓညီလာခံဖွင့်ပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒု-ဝန် ကြီးဒေါ်နုမြဇံတက်ရောက်

Collective Wisdom and United Voice of Social Harmony”ခေါင်းစဉ်အောက်တွင် ပါဝင်ဆွေးနွေးခဲ့
အိန္ဒိယနိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် International Buddhist Confederation တို့ပူးပေါင်း၍ ဒုတိယအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာဗုဒ္ဓညီလာခံဖွင့်ပွဲကို ဇန်န ဝါရီ ၂၄ ရက်နံနက်ပိုင်းက နယူးဒေလီမြို့၌ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒု-ဝန်ကြီးဒေါ်နုမြဇံတက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားကို "Collective Wisdom, United Voice, and Mutual Coexistence"ဆောင်ပုဒ်ဖြင့်ကျင်းပခြင်းဖြစ်ကာ ဒု-ဝန်ကြီးဒေါ်နုမြဇံနှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များက "Collective Wisdom and United Voice of Social Harmony"ခေါင်းစဉ်အောက်တွင်ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့ပြင် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဇော်ဦးမှလည်း အိန္ဒိယနိုင်ငံ၊ International Buddhist Confederation ၏ဖိတ်ကြားချက်အရ ဖွင့်ပွဲအခမ်းအ နားတက်ရောက်ခဲ့ကာ အိန္ဒိယနိုင်ငံ၊ ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Shri Gajendra Singh Shekhawat နှင့် ပါလီမန်ရေးရာဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Shri Kiren Rijiju တို့ကအမှာစကားများပြောကြားခဲ့ကြကြောင်း သိရသည်။
ပထမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ဗုဒ္ဓညီလာခံအား ၂၀၂၃ ခုနှစ် ဧပြီ ၂၀ ရက်နှင့် ၂၁ ရက်တို့က အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင်ကျင်းပခဲ့ကာ မြန်မာနိုင်ငံမှ သီတဂူဆရာတော်ကြီးဦးဆောင်သည့် ဆရာတော်များတက်ရောက်တော်မူခဲ့ကြပြီး အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မှလည်း အထူးဧည့်သည်တော်အဖြစ်တက်ရောက်ခဲ့ကြောင်း သိရသည်။

image