ရွေးကောက်ပွဲဖြင့်ငြိမ်းချမ်းရန်၊ရင်ကြားစေ့ရန်တရုတ်ကပံ့ပိုးမည်

အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် ပိုမိုကျယ်ပြန့်၍ ပိုမိုခိုင်မာပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးရရှိရန် မြန်မာနိုင်ငံရှိ အဖွဲ့အားလုံးကို တင်းမာနေသောအခြေအနေကို စောစီးစွာ အရှိန်ကျအောင် အဖွဲ့ အားလုံးကို တရုပ်က ကူညီပံ့ပိုးမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့က ကျင်းပပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲ တတိယအဆင့် မဲခွဲမှုအပြီး မေးမြန်းမှုအပေါ် ပြောရေးဆိုခွင့်ရှိသူ ဂေါင် ဂျီခွန်က ယခု ကဲ့သို့မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။
"တရုတ်၊ ရုရှား၊ အိန္ဒိယ၊ သက်ဆိုင်ရာအာဆီယံနိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ လူတွေကို စေလွှတ်ခဲ့ပါတယ်။ မဲဆန္ဒရှင်တွေ တက်ကြွစွာ ပါဝင်ဆင်နွှဲခဲ့ကြလို့ ချောမွေ့ပြီး စနစ်ကျတဲ့ လုပ်ငန်းစဉ်ဖြစ်ခဲ့လို့ တရုတ်နိုင်ငံအနေနဲ့ အခုလို ဂုဏ်ပြုစကား ပြောကြားလိုက်ပါတယ်" ဟု ဂေါင်မက ပြောကြားခဲ့သည်။
မြန်မာလူမျိုးများ၏ ရွေးချယ်မှုကို လေးစားကြရန်နှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပြန်လည်ထူထောင်ရေးတို့အတွက် အပြုသဘောဆောင်သော အကူအညီများကို ဆက်လက်ပံ့ပိုးပေးရန် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့် လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

image