၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆေးသု တေသနလုပ်ငန်းများဆောင်ရွက်ရန် ဘဏ္ဍာငွေကျပ်(၁ ဒသမ ၅)ဘီလီယံခွင့်ပြုပေးခဲ့

၂၀၂၅-၂၀၂၆ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆေးသု တေသနလုပ်ငန်းများဆောင်ရွက်ရန် ဘဏ္ဍာငွေကျပ်(၁ ဒသမ ၅)ဘီလီယံကို နိုင်ငံတော်ကခွင့်ပြုပေးခဲ့သည်ဟု နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေး ချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဇန်နဝါရီ ၂၆ ရက်ကကျင်းပသည့် (၅၄)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သု တေသနညီလာခံဖွင့်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
" ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ်အတွင်းမှာ နိုင်ငံ တော်က ဆေးသုတေသနဦးစီးဌာနအပြင် တခြားဦးစီး ဌာနတွေ ဆေးနဲ့ ဆေးနှီးနွှယ်တက္ကသိုလ်တွေမှာ သုတေ သနလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် ဘဏ္ဍာငွေကျပ် (၁ ဒသမ ၅)ဘီလီယံခွင့်ပြုပေးခဲ့ပါတယ်"ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။
ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးမှုနှင့် ဆေးသုတေသနဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာ နနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်း၍ "မြန်မာနိုင်ငံအ တွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ဆယ် ကျော်သက် ကျောင်းသား၊ ကျောင်းသူများတွင် ကျန်း မာရေးနှင့်ပတ်သက်သော အကြောင်းအရာများကို လေ့ လာခြင်းသုတေသန"အား တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟု ပြောသည်။
" ဆယ်ကျော်သက်အရွယ် ကျောင်းသား၊ ကျောင်းသူတွေဟာ အနာဂတ်နိုင်ငံတော်ရဲ့မျိုးဆက်သစ်တွေဖြစ်တဲ့အတွက် အခုဆောင်ရွက်ခဲ့တဲ့ သုတေသနရလဒ်တွေအပေါ်အခြေခံပြီး ပိုမိုကောင်းမွန်တဲ့ ကျောင်းကျန်းမာ ရေးစောင့်ရှောက်မှုပြုလုပ်ပေးဖို့ တိုက်တွန်းပြောကြားလိုပါတယ်"ဟု နိုင်ငံတော် ယာယီသမ္မတက ပြောသည်။
ထို့ပြင် ဒေသတွင်းဖြစ်ပွားတတ်သော ကူးစက်တတ်သည့်ကပ်ရောဂါများ၊ ရာသီအလိုက်ဖြစ်ပွားတတ်သည့်ရောဂါများ ကာကွယ်ထိန်းချုပ်ရေးနှင့် ကင်ဆာရောဂါကိုစောစီးစွာသိရှိစေနိုင်ပြီး ကုသမှုများအောင်မြင်အောင်အထောက်အကူပြုနိုင်သော သုတေသနများကိုလည်းဆောင်ရွက်ရမည်ဖြစ်ကာ ယင်း ဒီသုတေသနများကို နိုင်ငံတကာနှင့်ပူးပေါင်းပြီး ခေတ်မီဓာတ်ခွဲ နည်းပညာများ၊ သုတေသနနည်းစနစ်များကျင့်သုံးဆောင်ရွက်လျက်ရှိရာ ယခုထက်ပိုပြီး ထိထိရောက်ရောက်ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်စေလိုသည်ဟု ပြောသည်။
ထို့အတူ မိမိတို့ပြည်သူများ အခြေခံကျန်းမာရေးကောင်းမွန်ပြီး သက်ရှည်ကျန်းမာစွာနေထိုင်နိုင်ရန် အာ ဟာရဆိုင်ရာသုတေသနများ၊ အစားအသောက်ဘေးကင်းလုံခြုံမှုဆိုင်ရာသုတေသနများ၊ ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်ပြုမူရေးပတ်သက်သော လက်တွေ့အသုံးချကျန်းမာရေးသုတေသနများကိုတိုးမြှင့်ဆောင် ရွက်ပြီး သုတေသနတွေ့ရှိချက်များကို ပြည်သူလူထုအ တွင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ကျန်းမာရေးဆိုင် ရာကြိုတင်ကာကွယ်မှုပညာပေးလုပ်ငန်းများကိုပါဆောင်ရွက်ပေးရမည်ဟု ပြောသည်။
ထို့အတူ ဆေးကုသရေးဆိုင်ရာသုတေသနလုပ်ငန်းများ ၊ ဆေးရုံအုပ်ချုပ်စီမံခန့်ခွဲမှုဆိုင်ရာသုတေသနလုပ်ငန်းများကိုလည်း တိုးမြှင့်ဆောင်ရွက်ရမည်ဖြစ်ပြီး ကျန်း မာရေးဆိုင်ရာသုတေသနလုပ်ငန်းများဆောင်ရွက်ရာ တွင် ကျန်းမာရေးဝန်ကြီးဌာနရှိ ဆေးနှင့် ဆေးနှီးနွှယ် တက္ကသိုလ်များ၊ ဆေးရုံများ၊ ရောဂါတိုက်ဖျက်ရေးစီမံချက်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူ လူထုအခြေပြုအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဟု နိုင်ငံတော် ယာယီသမ္မတက ပြောကြားခဲ့သည်။

image