ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးတို့တွေ့ဆုံ

နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို နှစ်နိုင်ငံအစိုး ရနှင့် တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မ ရှင်ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် တာဝန်ပြီး ဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Mongkol Visitstump တို့ ဇန်နဝါရီ ၂၆ ရက်မွန်းလွဲပိုင်းကတွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဉ် မြန်မာ-ထိုင်း နှစ်နိုင်ငံအစိုးရနှင့်တပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ၊ နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက်ဖြစ်ပွားလျက်ရှိသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ၊ မူးယစ်ဆေးဝါးများနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံကုန်သွယ်မှု၊ ကုန်စည်စီးဆင်းမှုများပြန် လည်ကောင်းမွန်ရေးအတွက် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးတို့ကို နှစ်နိုင်ငံအစိုးရနှင့် တပ်မတော်နှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်ရေး၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးစီးခဲ့မှုတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အတူ နိုင်ငံ ခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးကိုကိုကျော်နှင့် ညွန်ကြားရေးမှူးချုပ်ဦးသက်ဝင်း၊ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်အတူ သံရုံးဒု-ယာယီတာဝန်ခံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

image