အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ပါဝင်သည့်မြန်မာနိုင်ငံသားများအား တတိယအသုတ်အဖြစ် ထပ်မံပြန်လည်ခေါ်ဆောင်

ကမ္ဘောဒီးယားနိုင်ငံရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသားများအား မြန်မာအစိုးရအနေဖြင့် တတိယအသုတ်အဖြစ် ထပ်မံပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ ကိုယ်တိုင်လာရောက်သတင်းပို့သည့် မြန်မာနိုင်ငံသားများနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ရဲတပ်ဖွဲ့များနှင့် သက်ဆိုင်ရာဌာနများက လွှဲပြောင်းပေးအပ်ခဲ့သည့် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။
ထိုသို့ခေါ်ယူခဲ့ရာတွင် မြန်မာနိုင်ငံသား ၁၆၃ ဦးကို တပ်မတော်လေယာဉ်ဖြင့် တတိယအသုတ်အဖြစ် ထပ်မံ၍ ပြန်လည်ခေါ်ဆောင်ပေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံ မြန်မာသံရုံးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားအနက် ပထမအသုတ်အနေဖြင့် မြန်မာနိုင်ငံသား ၁၃၆ ဦးကို ဇန်နဝါရီ ၂၃ ရက်တွင် မြန်မာ့လေကြောင်းလိုင်း (MAI) ဖြင့် မြန်မာနိုင်ငံ၊ မန္တလေးမြို့ရှိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့လည်းကောင်း၊ ဒုတိယအသုတ်အနေဖြင့် ၄၃၀ ဦးကို ဇန်နဝါရီ ၂၅ ရက်တွင် မြန်မာ့လေကြောင်းလိုင်း (MAI)နှင့် တပ်မတော်လေယာဉ်များဖြင့် မန္တလေးမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သို့လည်းကောင်း၊ တတိယအသုတ်အနေဖြင့် ၁၆၃ ဦးကို တပ်မတော်လေယာဉ်များဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့သို့လည်းကောင်း ပြန်လည်ခေါ်ဆောင်ခဲ့ကြောင်း
သိရသည်။

image